ရှမ်းပြည်နယ်ဝန်ကြီးချုပ် ညောင်ရွှေမြို့နယ်အတွင်း ပြည်သူများ အေးချမ်းစွာဆန္ဒမဲပေးနေမှု ကြည့်ရှုအားပေး
ညောင်ရွှေ ဇန်နဝါရီ ၂၅
ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ
အပိုင်း(၃)ကို ယနေ့တွင် ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြို့နယ်၌ ကျင်းပရာ ပြည်သူများလွတ်လပ်စွာ
မဲပေးနိုင်ရေးအတွက် ညောင်ရွှေမြို့နယ်ရပ်ကွက် ကျေးရွာအသီးသီးရှိမဲရုံများ၌ နံနက် ၆
နာရီတွင် မဲရုံမှူးများက မဲရုံစတင်ဖွင့်လှစ်ကြောင်းကြေညာရာ ပြည်သူများကစိတ်အားထက်သန်
အေးချမ်းစွာဖြင့် ဆန္ဒမဲလာရောက်ပေးကြသည်။
ဦးစွာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊
ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများသည် ပါတီစုံဒီမိုကရေစီအထွေထွေ
ရွေးကောက်ပွဲ အပိုင်း (၃) ညောင်ရွှေမြို့နယ်အတွင်း၌ ပါဝင်သော နန်းသီတာကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲရှိ
တိလောစခန်းကြီးကျေးရွာအုပ်စု မဲရုံအမှတ်(၁)၊ အခြေခံပညာအလယ်တန်းကျောင်းရှိ ရွှေရန်ပြေတိလောစခန်းကြီးကျေးရွာအုပ်စု
မဲရုံ အမှတ်(၃)၊ ညောင်ရွှေမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းရှိ နန္ဒဝန်ရပ်ကွက်
မဲရုံအမှတ် (၁ ၊ ၂ ၊ ၃)၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းရှိ
မင်္ဂလာရပ်ကွက်မဲရုံအမှတ်(၁)၊ အမှတ်(၅) အခြေခံပညာမူလတန်းလွန်ကျောင်းရှိ ဝင်းရပ်ကွက်
မဲရုံ အမှတ်(၁)နှင့် နန်းပန်ရပ်ကွက် မဲရုံအမှတ်(၁)တို့သို့ သွားရောက်၍ ပြည်သူများ အေးချမ်းလွတ်လပ်စွာ
ဆန္ဒမဲလာရောက်ပေးနေမှုကို ကြည့်ရှုအားပေးသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်
တာဝန်ရှိသူများသည် ရွှေညောင် - ညောင်ရွှေလမ်း (၈/၀)မိုင် လမ်းပိုင်းဆောင်ရွက်နေမှုနှင့်
အဆင့်မြှင့်တင်ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က လမ်းကိုစံချိန်စံညွှန်းနှင့်အညီ
ဆောင်ရွက်ပေးရန်နှင့် ရေရှည်ခိုင်ခံ့အောင်ဆောင်ရွက်ပေးကြရန် မှာကြားခဲ့ကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)

No comments