တောင်တွင်းကြီးမြို့၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအခမ်းအနား ကျင်းပ

 



တောင်တွင်းကြီး ဇန်နဝါရီ ၂၅

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့၌ ကျောင်းစာကြည့်တိုက်များ၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားကို ဇန်နဝါရီ ၂၃ ရက်က အမှတ်(၄) အခြေခံပညာအထက် တန်းကျောင်း(မိုးထိ)၌ ကျင်းပသည်။

ဦးစွာ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်၊ နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးကြီး သန့်ဇင်အောင်၊ ပြန်ကြား‌ရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မကွေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးတင်ကိုဝင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီအတွင်းရေးမှူး ဦးလှသောင်း၊ မြို့နယ် ပညာရေးမှူး ဒေါ်ခင်သန်းဌေးတို့က အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ထို့နောက် တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး နှင့်အဖွဲ့သည် တောင်တွင်းကြီးမြို့နယ်မှ ပန်းချီပညာ ရှင်များနှင့် ကျောင်းသား ကျောင်းသူများ၏ ပန်းချီ လက်ရာပြခန်း၊ အိမ်တွင်းမှုပြခန်း၊ သင်ထောက်ကူ ပြခန်း၊ ကျောင်းစာကြည့်တိုက်နှင့် ကာယစွမ်းရည် ပြိုင်ပွဲများဖြစ်သည့် ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ဘဲရုပ်စွပ် ပြိုင်ပွဲနှင့် ခါးလှည့်ပြိုင်ပွဲများတွင် ကျောင်းသား ကျောင်းသူများ ပျော်ရွှင်စွာပါဝင်ဆင်နွှဲနေမှုများကို ကြည့်ရှုအားပေးပြီး  တက်ရောက်လာသည့် ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုလက်ဆောင်များ ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

နောင်နောင်(ဗိဿနိုးမြေ)

No comments

Powered by Blogger.