ပေါင်မြို့နယ် သမဝါယမအသင်းစု နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ စည်းဝေး

 



ပေါင် ဇန်နဝါရီ ၂၂

မွန်ပြည်နယ် ပေါင်မြို့နယ် သမဝါယမအသင်းစု လီမိတက်၆၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် ဆုပေးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်သမဝါယမအသင်းစု အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ပြောကြား

အခမ်းအနားတွင် သဘာပတိ မြို့နယ်သမဝါယမ အသင်းစုဥက္ကဋ္ဌ ဦးအေးမင်းက အမှာစကား ပြောကြားသည်။

ထို့နောက် မွန်ပြည်နယ် သမ ဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ခင်မာအေးက ကျေးရွာများ တွင် သမဝါယမအသင်းသစ်များ ဖွဲ့စည်း၍ ကန်ထရိုက် လယ်ယာ စနစ်ဖြင့် ဆောင်ရွက်နိုင်ရေး စီစဉ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့အပြင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများနှင့် ဂုဏ်ထူးရရှိသည့် အသင်းသားများ၏ သားသမီးများအား ဂုဏ်ပြုဆုများ ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

မွန်မလေး (ပြန်/ဆက်)

No comments

Powered by Blogger.