ကျုံပျော်မြို့ရှိ စက်သုံးဆီအရောင်းဆိုင် မီးဘေးလုံခြုံရေး စစ်ဆေး

 



ကျုံပျော် ဇန်နဝါရီ ၂၁

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ်ရှိ မြတ်စက်သုံးဆီ အရောင်းဆိုင် မီးဘေးလုံခြုံစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်သည်။

ထို့သို့ စစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးအောင်စိန်ဘွင့် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက စက်သုံးဆီအရောင်းဆိုင်၌ မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှု၊ မီးသတ်ဆေးဘူး၊ မီးသတ်စက်နှင့် အရေးပေါ်မီးငြှိမ်းသတ်ရေးပစ္စည်းများ အသင့်အသုံးပြု နိုင်ခြင်းရှိ/ မရှိစစ်ဆေးပြီး လက်တွေ့ မီးငြှိမ်းသတ်ခြင်းကို ဇာတ်တိုက် လေ့ကျင့်ခဲ့ကြောင်း သိရသည်။    

မြို့နယ်( ပြန်/ဆက်)

No comments

Powered by Blogger.