တောင်ကြီး၌ အပင်တစ်သျှူး မွေးမြူခြင်းနည်းပညာပေးသင်တန်း ဖွင့်လှစ်

 



တောင်ကြီး ဇန်နဝါရီ ၂၁

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးသုတေသနဦးစီးဌာန မျိုးစေ့ဘဏ်၊ ဇီဝနည်းပညာနှင့် သီးနှံကာကွယ်ရေး သုတေသနဌာနခွဲ လက်အောက်ရှိ ထုံးဖိုစိုက်ပျိုးရေး သုတေသနခြံ (တောင်ကြီး)၌ ဇန်နဝါရီ ၁၉ ရက်တွင် အပင် တစ်သျှူးမွေးမြူခြင်း နည်းပညာပေး စာတွေ့၊ လက်တွေ့သင်တန်းကို ကျင်းပသည်။

စိုက်ပျိုးရေး သုတေသနဦးစီးဌာန ဥယျာဉ်ခြံသီးနှံသုတေသနဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာဝင်းနိုင်၊ မျိုးစေ့ဘဏ်၊ ဇီဝနည်းပညာနှင့် သီးနှံကာကွယ်ရေး သုတေသနဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာသီတာနှင့် ရှမ်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူး ဦးငြိမ်းထွန်းတို့က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် အမှာစကားများ ပြောကြား၍ သင်တန်းကို ဖွင့်လှစ်ပေးခဲ့သည်။ ထုံးဖိုစိုက်ပျိုးရေး သုတေသနခြံ တာဝန်ခံ ဒေါ်ခိုင်ခိုင်ဦးက အပင် တစ်သျှူး မွေးမြူရေးနည်းပညာ၏ အခြေခံလိုအပ်ချက်များ အကြောင်းကို ပို့ချပြီး စိုက်ပျိုးရေးသုတေသန ဦးစီးဌာန ဇီဝနည်းပညာသုတေသနဌာနစု တာဝန်ခံ ဒေါက်တာ အေးလဲ့လဲ့လှိုင်က အပင်တစ်သျှူး နည်းပညာနှင့် မော်လီကျူလာ နည်းပညာအကြောင်း ဆွေးနွေး ပို့ချပေးခဲ့သည်။

တက်ရောက်

အဆိုပါသင်တန်းသို့ စိုက်ပျိုးရေး သုတေသနဦးစီးဌာန လက်အောက်ရှိ သုတေသနခြံများမှ ဝန်ထမ်းများ၊ စိတ်ပါဝင်စားသူ တောင်သူများ၊ မျိုးစေ့ကုမ္ပဏီနှင့် တောင်ကြီးတက္ကသိုလ် ရုက္ခဗေဒဌာနမှ တွဲဖက်ပါမောက္ခနှင့် ကျောင်းသူများ စုစုပေါင်း သင်တန်းသား သင်တန်းသူ ၂၀ တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)

No comments

Powered by Blogger.