မွန်ပြည်နယ်ဝန်ကြီးချုပ် မော်လမြိုင်မြို့ ကမ်းနားလမ်းရှိ မြစ်ကမ်းသာ အပန်းဖြေစီမံကိန်း တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

 


မော်လမြိုင် ဇန်နဝါရီ ၂၈

 

မွန်ပြည်နယ် မော်လမြိုင်မြို့ ကမ်းနားလမ်းအတွင်း အများပြည်သူများ စိတ်အေးချမ်းမြေ့စွာ အပန်းဖြေအနားယူနိုင်ရေး ကမ်းနားလမ်း၌ မြစ်ကမ်းသာ အပန်းဖြေစီမံကိန်း တည်ဆောက်ရေး လုပ်ငန်းဆောင်ရွက်နေမှုကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့ညနေပိုင်းက ကြည့်ရှုစစ်ဆေးသည်။

 

ရှင်းလင်းတင်ပြ

ထို့နောက် စီမံကိန်း ရှင်းလင်းဆောင်တွင် စီမံကိန်းတာဝန်ရှိသူက အများပြည်သူအနားယူအပန်း ဖြေရန်အတွက် လျှောက်လမ်း၊ မွန်ရိုးရာ လခြမ်းတူရိယာ၊ မြေယာရှုခင်းနှင့် အများပြည်သူ နားနေဆောင်၊ ပေါင်းကူးတံတား၊ ကားပါကင်၊ အများသုံးသန့်စင်ခန်း၊ ရေ၊ လျှပ်စစ်မီးရှိရေးလုပ်ငန်း နှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က မြို့အလှအပများ၊ ရှုခင်းများပေါ်လွင်စေရန်၊ အများပြည်သူများ စိတ်ဝင်တစား လာရောက်လည်ပတ်အပန်းဖြေနိုင်စေရန်၊ အမှိုက်များ စနစ်တကျ စွန့်ပစ်စေရေး၊ သန့်ရှင်းသပ်ရပ်မှု ရှိစေရေး ဆောင်ရွက်ပေးကြရန် မှာကြားပြီး မြစ်ကမ်းသာ အပန်းဖြေစီမံကိန်း တည်ဆောက်ရေး လုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေးသည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် မော်လမြိုင်မြို့ ကမ်းနားလမ်းတစ်‌လျှောက် အများပြည်သူများ အပန်းဖြေအနားယူနိုင်ရန် အပန်းဖြေနေရာများ တည်ဆောက်နိုင်ရေး လှည့်လည်ကြည့်ရှုပြီး မော်လမြိုင်မြို့ တိုးချဲ့ကမ်းနား လမ်းတစ်လျှောက်ရှိ အများပြည်သူများ အပန်းဖြေနေရာ ပေ(၆၀ x ၂ ၀) လေးနေရာ တည်ဆောက်မည့် နေရာများသို့‌ သွားရောက်ကြည့်ရှုကာ စီမံကိန်းလုပ်ငန်းများ အမြန်ဆုံး အချိန်မီ တည်ဆောက်ရန်နှင့် စံချိန်စံညွှန်းမီ ဆောက်လုပ်ရန် မှာကြားခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)

No comments

Powered by Blogger.