အိမ်မဲမြို့နယ်၌ တောင်သူများထံ သွင်းအားစုများပေးအပ်

 



အိမ်မဲ ဇန်နဝါရီ ၂၈

ဧရာဝတီတိုင်းဒေသကြီး အိမ်မဲ မြို့နယ် ဆိတ်ချေးကုန်းကျေးရွာ ဓမ္မာရုံတွင် ဇန်နဝါရီ ၂၇ ရက်က ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ် ဖြည့်စွက် ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေဖြင့် သက်တန့်ရောင် စီမံကိန်းလုပ်ငန်း ဆောင်ရွက်မည့် ထွန်းရွှေဝါကြီး စိုက်ပျိုးရေးနှင့် အထွေထွေ လုပ်ငန်း သမဝါယမအသင်း လီမိတက်အတွက် စီမံကိန်းရန်ပုံ ငွေကျပ် ၁၀၂ သိန်းတန်ဖိုးရှိ သွင်းအားစုများ ပေးအပ်ပွဲအခမ်းအနားကို ကျင်းပသည်။

ဦးစွာ အိမ်မဲမြို့နယ် သမဝါယမ ဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်မင်းသိန်းက သွင်းအားစုများ ပေးအပ်ရခြင်းရည်ရွယ်ချက်ကို ပြောကြားသည်။

ထို့နောက် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးကျော်နှင့် သမဝါယမဦးစီးဌာန ဦးစီးအရာရှိတို့က ထွန်းရွှေဝါကြီး စိုက်/ ထွေ သမဝါယမအသင်းသား တောင်သူများအား သွင်းအားစု ပစ္စည်းများကို ပေးအပ်ခဲ့ကြောင်း သိရသည်။

ချစ်သက်လယ်

No comments

Powered by Blogger.