ရမည်းသင်းမြို့နယ်၌ မိုးနှောင်းချည်မျှင်ရှည်ဝါစမ်းသပ်ကွက် ကွင်းသရုပ်ပြပွဲကျင်းပ
ရမည်းသင်း ဇန်နဝါရီ ၂၈
ရမည်းသင်းမြို့နယ် ဆည်ကြီး ကျေးရွာ၌ တောင်သူဦးစိုးမင်း၏ မိုးနှောင်းချည်မျှင်ရှည်ဝါ စမ်းသပ် ကွက်တောင်သူ ကွင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါ ကွင်း၌ ကျင်းပသည်။
ဦးစွာ မန္တလေးတိုင်းဒေသကြီး ဝါနှင့်လျှော်မျှင်ထွက်သီးနှံ ဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးသိန်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးသန့်နှင့် မြို့နယ် ဦးစီးမှူး ဦးအောင်မျိုးသန့်တို့က တောင်သူဦးစိုးမင်း၏ မိုးနှောင်း ချည်မျှင်ရှည်ဝါ ရွှေတောင်(၈)၊ ရွှေတောင်(၁၀) ဝါမျိုးများဖြင့် စိုက်ပျိုးထားပြီး ဝါပေါက်ချိန် ညီညာစေရန် သွင်းအားစုနှင့် အပင်ထိန်းညှိဆေး (PGRs) တွဲဖက်အသုံးပြု ဆောင်ရွက်ထားရှိသည့် အခြေအနေများကို ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)

No comments