မြန်မာနှင့်အိန္ဒိယနိုင်ငံအကြား လယ်ယာကဏ္ဍဆိုင်ရာကုန်သွယ်မှု တိုးမြှင့်ဆောင်ရွက်ရေးကြိုးပမ်း



နေပြည်တော် ဇန်နဝါရီ ၂၃

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် အိန္ဒိယနိုင်ငံ စားသုံးသူရေးရာ အစားအသောက်နှင့် ဖြန့်ဖြူးရေးဝန်ကြီးဌာနမှ Secretary ဖြစ်သူ Smt. Nidhi Khare နှင့် အဖွဲ့အား ယမန်နေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ Novotel Hotel ၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် မြန်မာနှင့်အိန္ဒိယ နိုင်ငံအကြား လယ်ယာကဏ္ဍဆိုင်ရာ ကုန်သွယ်မှု တိုးမြှင့်ဆောင်ရွက်ရန်၊ တင်သွင်းမှု မူဝါဒတည်ငြိမ်စေရေး၊ နိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်ရန်၊ စပါးကို အခြေခံသော ပဲမျိုးစုံစိုက်ပျိုး ထုတ်လုပ်မှုကွင်းဆက် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်ရန်၊ အိန္ဒိယမှ အများအပြားဝယ်ယူသော မတ်ပဲနှင့် ပဲစင်းငုံတို့တွင် ထွက်ကုန်အရည်အသွေး ယှဉ်ပြိုင်နိုင်ရန်နှင့် ပိုးသတ်ဆေးဓာတ်ကြွင်း နည်းပါးရေးအတွက် ဘက်စုံပိုးမွှားကာကွယ်ရေး နည်းပညာပေး လုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်ပေးနိုင်ရေး ကိစ္စရပ်များ၊ အခြားပဲများနှင့် ပတ်သက်၍ အလား အလာများ၊ မြန်မာနိုင်ငံမှ ပဲမျိုးစုံတင်ပို့ ရောင်းချမှု ရေရှည်တည်တံ့ရေးအတွက် လိုအပ်သည့် လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေးလုပ်ငန်းများတွင် ပဲမျိုးစုံ သာမက ဂျုံနှင့်ပတ်သက်၍ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုများကို သုတေသနနှင့် နည်းပညာ ဖွံ့ဖြိုးရေးမှစ၍ ဈေးကွက်ပို့ဆောင်သည်အထိ ဆောင်ရွက်နိုင်ရေးလုပ်ငန်းများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်

No comments

Powered by Blogger.