အမှတ်(၄) လမ်းမကြီးတိုးချဲ့ရာတွင် မလွတ်ကင်းသော ဓာတ်အားလိုင်းများ ရွှေ့ပြောင်းတည်ဆောက်ရေးနှင့် လမ်းမီးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
ရန်ကုန် ဇန်နဝါရီ ၂၂
ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းဥက္ကဋ္ဌ ဦးအောင်ကျော်ဦးသည် ရုံးချုပ်၊ ခရိုင်နှင့် မြို့နယ်တို့မှ တာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီ ၂၁ ရက်က ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာ မြို့နယ်ရှိ အမှတ်(၄)လမ်းမကို (၈)လမ်းသွား လမ်းမကြီးအဖြစ် လမ်းတိုးချဲ့ရာတွင် မလွတ်ကင်းသော ဓာတ်အားလိုင်းများ ရွှေ့ပြောင်း တည်ဆောက်ရေး လုပ်ငန်းပြီးစီးမှုများနှင့် လမ်းမီး လုပ်ငန်းဆောင်ရွက်နေမှုများကို ကွင်းဆင်းစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေး
ထိုသို့ စစ်ဆေးရာတွင် ၆၆ ကေဗွီ လှော်ကား-သံမဏိ ဓာတ်အားလိုင်းသစ် တည်ဆောက်ပြီးစီးမှုများနှင့် အမှတ်(၄) လမ်းမကြီး တစ်လျှောက် လမ်းမီးများ ထွန်းညှိနိုင်ရေးအတွက် လုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးကာ ၂၄ မီတာ ကွန်ကရစ်တိုင်များဖြင့် အစားထိုးတည်ဆောက်ရန်အတွက် လိုင်းအူကြောင်းနှင့် တာဝါတိုင်နေရာတို့ကို မြေပြင်တွင် သတ်မှတ်ပေးခဲ့ပြီး လုပ်ငန်းများအား သတ်မှတ်ချိန်အတွင်း အချိန်မီပြီးစီးရေး စနစ်တကျ ဆောင်ရွက်ရန်၊ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး အလေးထားဆောင်ရွက်ရန်၊ လုပ်ငန်းသုံး ပစ္စည်းများ၊ ဆယ်တင်ပစ္စည်းများ လေလွင့်ဆုံးရှုံးမှု မရှိစေရေး စနစ်တကျ ထိန်းသိမ်းရန်တို့ကို အသေးစိတ် မှာကြားပြီး လုပ်ငန်းလိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ချစ်ဆောင်(YESC)

No comments