သာကေတမြို့နယ်၌ တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး ဘာသာရပ်ဆိုင်ရာဟောပြောပွဲနှင့် သွားနှင့် ခံတွင်းရောဂါစစ်ဆေးကုသပေး
ရန်ကုန် ဇန်နဝါရီ ၂၂
ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်၌
၂ဝ၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး ဘာသာရပ်ဆိုင်ရာ ပါမောက္ခများ၏ ဟောပြောပွဲကို
ဇန်နဝါရီ ၁၉ ရက် နံနက် ၈ နာရီက သာကေတမြို့နယ်ရှိ လူငယ်စင်တာ၌ ကျင်းပသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး
ဦးဌေးအောင်က အမှာစကားပြောကြားသည်။ ထို့နောက် အလှူရှင်များက အလှူငွေများပေးအပ်ရာ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးက
လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
ဆက်လက်၍ ပါမောက္ခများက ဘာသာရပ်အလိုက်
ဟောပြောကြရာ သာကေတမြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်တန်းဖြေဆိုကြမည့် ဘုန်းတော်ကြီးသင်
ပညာရေးကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း၊ ပုဂ္ဂလိကကျောင်းများမှ ကျောင်းသား ကျောင်းသူ
စုစုပေါင်း ၈၀၀ ကျော် တက်ရောက်ကြသည်။
ထို့နောက် တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးသည်
ကျန်းမာရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းဆောင်ရွက်မည့်
သာကေတမြို့နယ်ရှိ ပြည်သူများအား သွားနှင့်ခံတွင်းရောဂါစစ်ဆေးကုသပေးခြင်း ဆောင်ရွက်ပေးနေသည့်
ရန်ကုန်တိုင်းဒေသကြီး ကုသရေးဌာန အထူးကုဆေးရုံ(သာကေတ) သို့ သွားရောက်ပြီး သွားနှင့်ခံတွင်းရောဂါကုသမှုခံယူနေကြသည့်
ဒေသခံပြည်သူများအား ကြည့်ရှုပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)
(1).jpg)
No comments