ကယားပြည်နယ်အစိုးရအဖွဲ့က ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဂုဏ်ထူးဆောင်ဆု ချီးမြှင့်ပေးအပ်ခြင်းနှင့် (၇၄) နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ်ပြခန်းများ ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ
လွိုင်ကော် ဇန်နဝါရီ ၂၂
ကယားပြည်နယ်အစိုးရအဖွဲ့က ဂုဏ်ထူးဆောင်လက်မှတ်နှင့်
ဂုဏ်ထူးဆောင်ဆုများ ချီးမြှင့်ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လွိုင်ကော်မြို့
ပြည်နယ်ခန်းမ၌ကျင်းပရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦး၊ ပြည်နယ်တရားသူကြီးချုပ်၊
ပြည်နယ်ဝန်ကြီးများ၊ ဂုဏ်ထူးဆောင်ဆုရရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့်
ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင်
ပြည်နယ်အစိုးရအဖွဲ့နှင့်အတူ ကိုယ်ကျိုးမဖက်ဘဲ မိမိတို့ကျရာကဏ္ဍတွင် ထူးချွန်ပြောင်မြောက်စွာ
စွမ်းဆောင်ခဲ့ကြသူများကို ယခုကဲ့သို့ ထိုက်ထိုက်တန်တန် ချီးမြှင့်အပ်နှင်းခြင်း ဖြစ်ကြောင်း
ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ဒေသကွပ်ကဲရေးမှူး၊
ပြည်နယ်တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ပြည်နယ်အတွင်း စီမံခန့်ခွဲရေး၊ လုံခြုံရေးနှင့်
တရားဥပဒေစိုးမိုးရေး၊ စိုက်ပျိုးမွေးမြူရေး၊ လူမှုရေးကဏ္ဍများတွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသူများအား
ဂုဏ်ထူးဆောင်လက်မှတ်၊ ဂုဏ်ထူးဆောင်ဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က (၇၄)
နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ် ပြခန်းပြိုင်ပွဲတွင် ပထမဆုရရှိသည့် နယ်စပ်ရေးရာဝန်ကြီးဌာနပြခန်း၊
ဒုတိယဆုရရှိသည့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းပြခန်းနှင့် တတိယဆုရရှိသည့် မီးသတ်ဦးစီးဌာနပြခန်းများအား
လည်းကောင်း၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက စတုတ္ထဆု၊
ပဉ္စမဆုနှင့် အထူးဆုရရှိခဲ့ကြသည့် ပြခန်းများအား လည်းကောင်း ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။
ယနေ့အခမ်းအနားတွင် စီမံခန့်ခွဲရေးဆိုင်ရာ
ထူးချွန်ဆု ၄၉ ဦး၊ ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာထူးချွန်ဆု
၂၅ ဦး၊ လူမှုရေးဆိုင်ရာ ထူးချွန်ဆု လေးဦး၊ စီးပွားရေးဆိုင်ရာ ထူးချွန်ဆုသုံးဦး၊ စိုက်ပျိုးရေး၊
မွေးမြူရေးဆိုင်ရာ ထူးချွန်ဆုရရှိသူ လေးဦးနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်ခြင်းခံရသူ
၇၆ ဦး၊ ဆီးဂိမ်းဆုရအားကစားသမား လေးဦး စုစု ပေါင်း ၁၆၅ ဦးတို့အား ချီးမြှင့်အပ်နှင်းခဲ့ကြောင်း
သိရသည်။
ပြည်နယ်(ပြန်/ဆက်)

No comments