တောင်ကြီးမြို့ရှောင်လမ်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက်

 



တောင်ကြီး ဇန်နဝါရီ ၁၂


ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်သည် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် အတူ ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့ရှောင်လမ်းဖြစ်သည့် လေးမိုင်ကွေ့-နောင်တလီ-ညိုမီး-နောင်ပနား ဗွာ-လင်းကွင်း-ထီရီး လမ်း ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုနှင့် လမ်းကြံ့ခိုင်မှု အခြေအနေကို ကွင်းဆင်းကြည့်ရှုသည်။


ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် အဖွဲ့ဝင်များနှင့်အတူ တောင်ကြီးမြို့ရှောင်လမ်း မိုင်တိုင်အမှတ် (၆/၁) မိုင်ရှိ ရှင်းလင်းဆောင်သို့ ရောက်ရှိရာ ရှမ်းပြည်နယ် လမ်းဦးစီးဌာန ကြီးကြပ်ရေးအဖွဲ့ ညွှန်ကြားရေးမှူးက မြို့ရှောင်လမ်းအား ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ရန်ပုံငွေဖြင့် လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က မြို့ရှောင်လမ်းကိုအသုံးပြုသည့် မော်တော်ယာဉ်များ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေချောမွေ့ စေရေးအတွက် ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေ၊ ပြည်နယ်ဘဏ္ဍာ ရန်ပုံငွေများ အသုံးပြုဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ လမ်းဧရိယာနှင့် မလွတ်ကင်းသည့် အဆောက်အအုံ မြေနေရာများကို ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်ရန်၊ လမ်းဘေးရေမြောင်းများ စနစ်တကျ ဆောင်ရွက်ရန် မှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက် ပေးသည်။


ကြည့်ရှု


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် တောင်ကြီးမြို့‌ ရေအေး ကွင်းရပ်ကွက် ခြင်္သေ့လမ်း ကတ္တရာ ထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုပြီး သတ်မှတ်စံချိန်စံညွှန်း အရည်အသွေးပြည့်မီရေး၊ သတ်မှတ် ကာလအတွင်း အချိန်မီပြီးစီးရေး စီမံဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။

 

ဇော်နိုင်လင်း

No comments

Powered by Blogger.