မြန်အောင်မြို့နယ်၌ မီးဘေးကြိုတင်ကာကွယ်ရေး လက်‌တွေ့သရုပ်ပြ

 


မြန်အောင် ဇန်နဝါရီ ၁၂

 

ဧရာဝတီတိုင်းဒေသကြီး မြန်‌အောင်မြို့နယ် မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးရဲ‌အောင်၏ စီမံလမ်းညွှန်မှုဖြင့် မီး‌လောင်မှု မီးလန့်မှုမဖြစ်‌ပေါ်ရေး မီး‌ဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး စစ်ဆေးဆောင်ရွက်ခြင်းကို မြန်အောင်မြို့နယ် သပြေကုန်းနယ်မြေ မီးသတ်စခန်း၌ ယနေ့မွန်းလွဲပိုင်းက စက်သုံးဆီအရောင်းဆိုင်များအား စစ်ဆေးဆောင်ရွက်ခဲ့ပြီး လက်‌တွေ့သရုပ်ပြ မီးငြှိမ်းသတ်‌ဆောင်ရွက်သည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် သပြေကုန်းနယ်မြေ မီးသတ်စခန်းမှ လက်ထောက်ဦးစီးမှူး ဦးကျော်ဇေယျ ဦးဆောင်ကာ သန္ဓေ/အရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့က မီးဘေးကြိုတင် ကာကွယ်ရေးအတွက် ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်‌ဆေးပြီး စက်သုံးဆီအရောင်းဆိုင် ဝန်ထမ်းများအား လက်‌တွေ့မီးငြှိမ်းသတ် သရုပ်ပြဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

ဧရာဦးသာ

No comments

Powered by Blogger.