ထားဝယ်မြို့နယ်၌ သမဝါယမအသင်းသားတောင်သူများ မိုးစပါးရိတ်သိမ်း

 


ထားဝယ် ဇန်နဝါရီ ၁၂

 

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ် ရှမ္မတွင်းကျေးရွာ ဦးပိုင်အမှတ်-၁၄ ဇွဲအားမာန် လယ်ယာနှင့် အထွေထွေ သမဝါယမအသင်းများမှ အသင်းသား တောင်သူများ၏ မိုးစပါးများကို ယမန်နေ့မွန်းလွဲပိုင်းတွင် ရိတ်သိမ်းကြသည်။

 

ကြည့်ရှုစစ်ဆေး

ထို့နောက် အသင်းသား တောင်သူများ၏ မိုးစပါးဧက ၈၀ ၌ ထိုင်းနှံကောက်စပါးနှင့် GW-11 စပါးများအား ရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းနေမှုကို တိုင်းဒေသကြီး သမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးရွှေဝင်းနှင့် တာဝန်ရှိသူများ၊ ထားဝယ်မြို့နယ် သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးပြီး ဒုတိယညွှန်ကြားရေးမှူးက သမဝါယမကဏ္ဍမှ စီမံကိန်းသီးနှံများ စိုက်ပျိုးထုတ်လုပ်မှု၊ ရောင်းဝယ်ကြိတ်ခွဲ ဖြန့်ဖြူးမှုလုပ်ငန်းစဉ်များ အောင်မြင်အောင် ဆောင်ရွက်ပေးရန်မှာကြားခဲ့ကြောင်း သိရသည်။

ငွေဇင်ယော်(ထားဝယ်)

No comments

Powered by Blogger.