ရပ်စောက်မြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးထားရှိမှု တာဝန်ရှိသူများကြည့်ရှု
တောင်ကြီး ဇန်နဝါရီ ၂၂
ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ်အတွင်းရှိ
သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဇန်နဝါရီ ၁၈ ရက် နံနက်ပိုင်းတွင် ရှမ်းပြည်နယ်
သမဝါယမဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးကျော်မိုးတင့်နှင့်တာဝန်ရှိသူများက ရောင်ခြည်ဦးစိုက်ပျိုးရေးနှင့်
အထွေထွေလုပ်ငန်း သမဝါယမအသင်းနှင့် ပင်ဖြစ်ကျေးရွာရှိ ရွှေဝါဝင်း မျိုးစေ့ထုတ် သမဝါယမအသင်းတို့မှ
ဆောင်းသီးနှံစိုက်ပျိုးဆောင်ရွက်ထားရှိသည့် အခြေအနေနှင့် ရပ်စောက်မြို့နယ် သမဝါယမအသင်းစုမှ
ထုတ်လုပ်လျက်ရှိသည့် စွမ်းထက်သဘာဝမြေဩဇာထုတ်လုပ်နေမှုများကို ကွင်းဆင်းကြည့်ရှုခြင်းစစ်ဆေးသည်။
လမ်းညွှန်မှာကြား
ဆက်လက်ပြီး ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက
မြို့နယ်သမဝါယမဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်သမဝါယမအသင်းစု အမှုဆောင်များနှင့်တွေ့ဆုံ၍
သမဝါယမကဏ္ဍမှ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် သက်တန့်ရောင်စီမံကိန်း၊ ကုန်ထုတ်လုပ်မှု၊
ဝန်ဆောင်မှုနှင့် ကုန်သွယ်မှုလုပ်ငန်းစဉ်များကို အောင်မြင်အောင်ဆောင်ရွက်သွားကြရန်
လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ဝိုးတောင်း

No comments