ဘားအံမြို့၌ မီးခိုးမြူငွေ့ဆိုင်ရာ အသိပညာပေး ဟောပြော

 



ဘားအံ     ဇန်နဝါရီ    ၂၂

ကရင်ပြည်နယ်   ဘားအံမြို့၌ မီးခိုးမြူငွေ့ဖြစ်ပွားမှု   ထိန်းချုပ် နိုင်ရေးနှင့် လျှော့ချနိုင်ရေးအတွက် မီးခိုးမြူငွေ့အန္တရာယ် အသိပညာပေးဟောပြောပွဲကို ဘားအံမြို့နယ် ဇာသပြင်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌  ယမန်နေ့နံနက်ပိုင်းက   ကျင်းပသည်။

ဦးစွာ ဘားအံခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်ဆန်းက    Hotspots လျှော့ချရေး စုပေါင်းဆောင်ရွက်ပေး၊   ခရိုင်သစ်တောဦးစီးဌာနက တောမီးကာကွယ်ရေးအကြောင်း၊  ခရိုင်     မီးသတ်ဦးစီးဌာနက     မီးဘေးအန္တရာယ် အကြောင်းနှင့်   ခရိုင်စိုက်ပျိုးရေး     ဦးစီးဌာနက    လယ်ယာကဏ္ဍဆိုင်ရာ မီးခိုး မြူငွေ့အကြောင်းတို့ကို   အသိပညာပေး ဟောပြောရာ ဇာသပြင် ကျေးရွာနေ   ပြည်သူများနှင့်  ကျောင်းသား    ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း     သိရ သည်။

ခရိုင်(ပြန်/ဆက်)

No comments

Powered by Blogger.