နယူးယောက်ရွှေဈေးကွက် ဒေါ်လာ ၅၀၀၀ ကျော်အထိ ရောက်ရှိ



ဇန်နဝါရီ ၂၆

နယူးယောက်ရွှေဈေးကွက်သည် ယနေ့တွင် တစ်အောင်စလျှင် ဒေါ်လာ ၅၀၀၀ ကျော်အထိ ရောက်ရှိခဲ့ပြီး အမြင့်ဆုံးစံချိန်တင်ခဲ့သည်။ ပထဝီနိုင်ငံရေးအန္တရာယ်များ မြင့်တက်လာနေချိန်တွင် ဘေးကင်းသောပိုင်ဆိုင်မှုအတွက် ဝယ်လိုအား မြင့်တက်လာလျက်ရှိသည်ဟု ဖော်ပြထားသည်။

ရင်းနှီးမြှုပ်နှံသူများအနေဖြင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ဂရင်းလန်းကို ဝယ်ယူခြင်းနှင့်ပတ်သက်သည့် ရေးသားချက်များသည် ဥရောပနှင့် ပဋိပက္ခများ ဆက်လက်ဖြစ်ပေါ်စေမည်ကို စိုးရိမ်လျက်ရှိကြောင်း၊ အီရန်နှင့် အမေရိကန်တို့၏ တင်းမာမှုများသည်လည်း နောက်ထပ် မရေရာမှုတစ်ခုဖြစ်ကြောင်း ဖော်ပြထားသည်။

ရွှေဈေးကွက်သည် ပြီးခဲ့သည့် အောက်တိုဘာလတွင် ဒေါ်လာ ၄၀၀၀ စံချိန်ကို ကျော်လွန်သွားခဲ့ပြီး မကြာသေးမီလများအတွင်း ဝယ်လိုအားမြင့်တက်ခဲ့သည်ဟု သိရသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.