မင်းလှမြို့နယ်အတွင်း နိုင်ငံသားစိစစ်ရေးကတ်များ နေ့ချင်းပြီး ဆောင်ရွက်ပေး
မင်းလှ ဇန်နဝါရီ ၈
ပဲခူးတိုင်းဒေသကြီး မင်းလှမြို့နယ်တွင်
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးက မြို့နယ်အတွင်း
နိုင်ငံသားစိစစ်ရေးကတ်များ ကိုင်ဆောင်ခဲ့ခြင်း မရှိသူများနှင့် (ပျောက်ဆုံး၊ ပျက်စီး၊
လဲလှယ်)တို့အား One Stop Service ဖြင့် နေ့ချင်းပြီးဆောင်ရွက်ပေးခြင်းကို ယမန်နေ့က
သီရိရတနာခန်းမ၌ ပြုလုပ်သည်။
အဆိုပါ One Stop Service ဖြင့် နေ့ချင်းပြီး
ဆောင်ရွက်ပေးခြင်းလုပ်ငန်း မြို့နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ
ဦးမျိုးတင့်ထူးနှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း
သိရသည်။
မြို့နယ်(ပြန်/ဆက်)

No comments