ညောင်ရွှေမြို့နယ်၌ ဆောင်းနေကြာ စိုက်ပျိုးထားရှိမှုအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု
တောင်ကြီး ဇန်နဝါရီ ၂၇
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့နယ်
ဘုရားငါးဆူကျေးရွာရှိ ချယ်ရီမြေ စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်း လီမိတက်က
ဆောင်းနေကြာ ရေဆင်းစပ်မျိုး(၁) စိုက်ပျိုးထားရှိမှုနှင့် ကျောက်နီကျေးရွာအုပ်စု ဆူးပုတ်ကွေ့ကျေးရွာရှိ
သိန်းဓနထွန်း လယ်ယာနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းက ရုရှားနေကြာ (Ipolit/
Valkun OR) မျိုး စိုက်ပျိုးထားရှိမှုနှင့် မြေဩဇာ Super nitrogen ၊ Florata ပက်ဖျန်းမှု အခြေအနေများကို
ဇန်နဝါရီ ၂၅ ရက်နံနက်ပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုရာတွင် ရှမ်းပြည်နယ်
သမဝါယမဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးကျော်မိုးတင့်နှင့် တာဝန်ရှိသူများက စိုက်ခင်းကို
ကြည့်ရှုရာတွင် အပင်ပေါက်နှုန်းအား ကောင်းမွန်စေရေး၊ လိုအပ်သည့် အစိုဓာတ်ရရှိရန်အတွက်
ရေသွယ်တန်းမှု၊ စိုက်နည်းစနစ်နှင့်အညီ စိုက်ပျိုးထားရှိမှု ရှိ/မရှိ ကြည့်ရှုပြီး လိုအပ်သည်များ
မှာကြားခဲ့ကြောင်း သိရသည်။
ဝိုးတောင်း

No comments