သူနာပြုနှင့် သားဖွားသင်တန်းကျောင်း(ဘားအံ)မောင်မယ်သစ်လွင်ကြိုဆို
ဘားအံ ဇန်နဝါရီ ၂၇
ကျန်းမာရေး ဝန်ကြီးဌာန ကျန်းမာရေး လူ့စွမ်းအားအရင်း အမြစ်ဦးစီးဌာန သူနာပြုနှင့် သားဖွား သင်တန်းကျောင်း (ဘားအံ)၏ ၂၀၂၆ ပညာသင်နှစ် ပထမနှစ် သူနာပြု-သားဖွား ဒီပလိုမာ (၃)နှစ်သင်တန်းသို့ တက်ရောက်ကြမည့် သင်တန်းသား သင်တန်းသူများအား မောင်မယ် သစ်လွင်ကြိုဆိုပွဲကို ယနေ့နံနက် ၉ နာရီက ဘားအံမြို့ ဇွဲကပင် ခန်းမ၌ ကျင်းပသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ပြည်သူလူထု၏ ကျန်းမာရေး အဆင့်အတန်းကို မြှင့်တင်နိုင်ရန် လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်သည့် သူနာပြုများမွေးထုတ် ပေးနိုင်ရေးအတွက် သူနာပြု သင်တန်းကျောင်း (ဘားအံ)ကို ၁၉၉၃ ခုနှစ်တွင် စတင်ဖွင့်လှစ် ခဲ့ပြီး ယနေ့အထိ သူနာပြု-သားဖွား ဦးရေ ၁၄၁၃ ဦးကို ကျန်းမာရေး လူ့စွမ်းအား အရင်းအမြစ်များ အဖြစ် မွေးထုတ်ပေးနိုင်ခဲ့ကြောင်း ကရင်ပြည်နယ် ဒေသအသီးသီး မှ တက်ရောက်လာကြသည့် သင်တန်းသား သင်တန်းသူများ အပေါ် မိမိတို့ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် လှိုက်လှဲဝမ်းမြောက်စွာ ကြိုဆိုလျက်ရှိပြီး လိုအပ်သည့် ကူညီဖြည့်ဆည်းမှုများကိုလည်း အစွမ်းကုန် ဖြည့်ဆည်းဆောင် ရွက်ပေးသွားမည် ဖြစ်ကာ လိုက်နာရမည့် ကျင့်ဝတ် စည်းကမ်းများကို လိုက်နာ၍ အရည်အချင်းရှိသော သူနာပြုများ ဖြစ်အောင်၊ ပြည်သူအတွက် အားကိုးအားထားပြုရသော သူနာပြုများဖြစ်အောင် သင်တန်းကာလ အတွင်း အပတ်တကုတ်ကြိုးစား လေ့လာဆည်းပူးကြရန် အရေးကြီးကြောင်း တိုက်တွန်းပြောကြားသည်။
ပြောကြား
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် က သင်တန်းသား သင်တန်းသူ ၇၁ ဦးအတွက် ငွေကျပ် ၁၄၂၀၀၀ဝ ကို သင်တန်းသား သင်တန်းသူများထံ ချီးမြှင့်ပေးအပ်ပြီး သင်တန်းကျောင်းအုပ်ကြီး ဒေါ်နီနီချိုက မောင်မယ်သစ်လွင် သင်တန်းသား သင်တန်းသူများအား ကြိုဆိုနှုတ် ခွန်းဆက်စကား ပြောကြားသည်။
ယင်းနောက် ဒေသအလိုက် သစ်လွင်သူနာပြု သင်တန်းသား သင်တန်းသူများက တစ်ဦးချင်း မိတ်ဆက်ကြပြီး သင်တန်းသူ တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ King & Queen ရွေးချယ်၍ ဆုများ ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ သင်တန်းသား သင်တန်းသူများက တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အကအလှများဖြင့် သီဆိုကပြဖျော်ဖြေကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ပြီး သင်တန်းသား သင်တန်းသူများအား ရင်းနှီးနွေးထွေးစွာ တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)

No comments