ရန်ကုန်(တောင်ပိုင်း)ခရိုင် ဂျီအီးစီရုံးတွင် ဒုတိယအကြိမ်မြောက် သက်ကြီးပူဇော်ပွဲ ကျင်းပ
ရန်ကုန် ဇန်နဝါရီ ၉
ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့ရှိ
ရန်ကုန်(တောင်ပိုင်း)ခရိုင် အစိုးရဝန်ထမ်းပေါင်းစုံ သမဝါယမအသင်းလီမိတက်ရုံးတွင် ဒုတိယအကြိမ်မြောက်
အသက် ၇၀ နှစ်နှင့်အထက် ဒါရိုက်တာ နှင့်ဝန်ထမ်းများအား သက်ကြီးဂါရဝပြုပူဇော်ပွဲကို ဇန်နဝါရီ
၇ ရက် နံနက်ပိုင်းက အဆိုပါ ရန်ကုန် (တောင်ပိုင်း)ခရိုင် ဝန်ထမ်းပေါင်းစုံ သမဝါယမအသင်းလီမိတက်
ရုံးသစ်ကြီး၌ ကျင်းပသည်။
အခမ်းအနားတွင် ရန်ကုန်(တောင်ပိုင်း)ခရိုင်
ဝန်ထမ်းပေါင်းစုံ သမဝါယမအသင်း လီမိတက် အုပ်ချုပ်မှုဒါရိုက်တာအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဝေဦးက
ဒုတိယအကြိမ်မြောက် သက်ကြီးဂါရဝပြု ပူဇော်ကန်တော့ပွဲ ကျင်းပရခြင်းကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ရန်ကုန်(တောင်ပိုင်း) ခရိုင်
အစိုးရဝန်ထမ်းပေါင်းစုံ သမဝါယမအသင်းလီမိတက်၏ အသက် ၇၀ နှစ်နှင့်အထက် ဒါရိုက်တာအဖွဲ့
ကန်တော့ခံ ဦးစိုးမြင့်က သြဝါဒစကားပြောကြားပြီး အသက် ၇၀ နှစ်နှင့်အထက် ဒါရိုက်တာအဖွဲ့နှင့်
ဝန်ထမ်းများအား တာဝန်ရှိသူများက ကန်တော့ငွေများဖြင့် ဂါရဝပြုပူဇော်ကန်တော့ကြကြောင်း
သိရသည်။
ကျော်ဆန်းမြင့်

No comments