ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ လှည်းကူးမြို့နယ်အတွင်းရှိ မဲရုံများ ခင်းကျင်းထားမှု ကွင်းဆင်းစစ်ဆေး
လှည်းကူး ဇန်နဝါရီ ၉
ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ
ဦးခင်မောင်ကျော်သည် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ
ကျင်းပနိုင်ရေးအတွက် မြို့နယ်အတွင်းရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊
သက်ဆိုင်ရာဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မဲရုံမှူးများ၊ အတွင်းရေးမှူးများနှင့်တွေ့ဆုံပြီး
ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များနှင့် ရှင်းလင်းဆွေးနွေးခြင်းကို ဇန်နဝါရီ ၆ ရက် နံနက်ပိုင်းက
လှည်းကူးမြို့နယ် အောင်မင်္ဂလာရပ်ကွက်မြို့တော်ခန်းမ၌ ပြုလုပ်သည်။
ထို့နောက် တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ
ဦးခင်မောင်ကျော်သည် လှည်းကူးမြို့နယ် ပြည်တော်သာရပ်ကွက် မဲရုံအမှတ် (၁) တွင် မဲဆန္ဒရှင်ပြည်သူများ
စိတ်ချမ်းမြေ့စွာ ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး
လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)

No comments