ဂမ်ဘီယာနိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ အမှုနှင့်ပတ်သက်ပြီး နိုင်ငံတော်ယာယီသမ္မတ၏ အကြံပေးအဖွဲ့ အဖွဲ့ဝင် ဒေါက်တာ ရင်ရင်နွယ်နှင့် အမေရိကန်နိုင်ငံသား စာရေးဆရာ Mr. Rick Heizman တို့၏ ပြောကြားချက်များ
တပ်အခြေစိုက်စခန်းနဲ့
ရဲစခန်း ၃၀ တိုက်ခိုက်ခံရပြီး ရွာပေါင်း ၈၀ လောက် အဲဒီနံနက်မှာပဲ
တိုက်ခိုက်ခံခဲ့ရတယ်။ ကမ္ဘာ့အကြီးမားဆုံးအကြမ်းဖက်မှုအဖြစ်
မှတ်သားရမယ်လို့ပြောရတဲ့ အကြောင်းရင်းကတော့ မယုံနိုင်ရလောက်တဲ့
ကိန်းဂဏန်းတွေကြောင့်ပဲဖြစ်တယ်။ အဲဒီအဖြစ်အပျက်ကို ပြန်တွေးတိုင်း နယူးယောက်က
အကြမ်းဖက်မှုဖြစ်ရပ် 9 /11 ကို ပြန်သတိရမိတယ် (အမေရိကန်နိုင်ငံသား
စာရေးဆရာ Rick Heizman)
သတင်းအဖွဲ့
ဂမ်ဘီယာနိုင်ငံနှင့်
မြန်မာနိုင်ငံတို့၏ အမှုနှင့်ပတ်သက်ပြီး ကြားနာပွဲကို ဇန်နဝါရီ ၁၂ ရက်မှ ၂၉ ရက်အထိ
နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာ တရားရုံးတွင်
ပြုလုပ်လျက်ရှိသည်။
အဆိုပါ
ကြားနာပွဲနှင့်ပတ်သက်ပြီး နိုင်ငံတော်ယာယီသမ္မတ၏ အကြံပေးအဖွဲ့ အဖွဲ့ဝင် ဒေါက်တာ ရင်ရင်နွယ်နှင့်
အမေရိကန်နိုင်ငံသား စာရေးဆရာ Mr. Rick Heizman တို့၏ ပြောကြားချက်များကို ဖော်ပြအပ်ပါသည်။
ဒေါက်တာရင်ရင်နွယ်
အဖွဲ့ဝင်၊ နိုင်ငံတော်ယာယီသမ္မတ၏ အကြံပေးအဖွဲ့
စစချင်းပြောချင်တာကတော့
ICJ
မှာ အခု ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်
ဦးဆောင်ပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာသီတာဦးပါဝင်တဲ့ အဖွဲ့ဝင်တွေ
ကျွန်မတို့ရုံးကအကြံပေး ဒေါ်ခင်ဦးလှိုင် လည်း ပါသွားတယ်။ သွားရှင်းပြတာကို ကျွန်မအနေနဲ့
အပြည့်အဝ ထောက်ခံပါတယ်။ ဘာကြောင့် လဲဆိုတော့ ဒီလို ၂၀၁၆ နဲ့ ၂၀၁၇ မှာ ဒီကိစ္စတွေ၊
ဘင်္ဂါလီတွေကို လူမျိုးသုဉ်းစေမှုဖြစ်စေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ပတ်သက်ပြီး
ဖြစ်တဲ့နှစ်တွေမှာ ဒီအစိုးရမတိုင်ခင်က အဖြစ်မှန်တွေကို သက်သေအထောက် အထားနဲ့
ထောက်ပြတင်ပြတာ နိုင်ငံတကာအသိုင်းအဝိုင်းကို ဒါပထမဦးဆုံးအကြိမ်လို့ပဲ ပြောရမယ်။
အဲဒီတော့ ဒါပထမဦးဆုံးအကြိမ် ဒီအစိုးရလက်ထက်မှာ မှန်မှန်ကန်ကန်ဖြစ်စဉ်တွေကို
ရှင်းပြတာပဲ။ ကိုယ့်ရှုထောင့်ကနေ အထောက်အထားတွေနဲ့ နိုင်ငံတော်ရှုထောင့်၊
နိုင်ငံ့အချုပ်အခြာရှုထောင့်၊ တိုင်းရင်းသားတွေရဲ့ ရှုထောင့်ကနေ တင်ပြနိုင်တာ
ဒါပထမဦးဆုံးအကြိမ် ဖြစ်ပါတယ်။ ဟိုအရင်အစိုးရ တုန်းက အဲဒီတင်ပြတဲ့အဆင့်လောက်
မရောက်ခဲ့ ဘူး။ အဲဒီတုန်းကလည်း ကျွန်မ နားထောင်ခဲ့ပါတယ်။ အဖြစ်အပျက်အမှန်ကို
တင်ပြခြင်းအထိ မရောက်ခဲ့ပါဘူး။
ဆက်ပြီးပြောရမယ်ဆိုရင်
အခုလောလောဆယ် သည်ဟိတ်ဂ်မြို့မှာဖြစ်နေတဲ့ ICJ ကိစ္စ။ မြန်မာနိုင်ငံက ဂမ်ဘီယာနဲ့ အမှုဖြစ်နေတယ်။ အမှုဖြစ်နေတာက ဂမ်ဘီယာက
စွပ်စွဲတာ။ ကျွန်မအနေနဲ့ ပထမကဏ္ဍဖြစ်ပြီး ဒီကိစ္စမှာ အရေးပါအရာရောက်တဲ့ ကိုဖီအာနန်
ကော်မရှင်နဲ့ပတ်သက်ပြီး နည်းနည်း ရှင်းပြချင်ပါတယ်။ ကိုဖီအာနန်ဆိုတာက
ကျွန်မကိုယ်တိုင်လည်း ကမ္ဘာ့ကုလသမဂ္ဂမှာ လုပ်ခဲ့တော့ ကျွန်မသူနဲ့လည်း
စကားပြောဖူးပါတယ်။ သူက ကုလသမဂ္ဂအတွင်းရေးမှူးချုပ်တွေထဲမှာ သတ္တမမြောက်
အတွင်းရေးမှူးချုပ် ဖြစ်ပါတယ်။ သူက ၁၉၉၆ ကနေ ၂၀၀၇ ခုနှစ်အထိ လုပ်ခဲ့ပါတယ်။
ပထမအချက်
ကျွန်မပြောချင်တာက သူ့ကို Report ကို ဦးဆောင်ဖို့
ဘာကြောင့်ရွေးလိုက်သလဲ ဆိုတာ ရှင်းရှင်းပြောရရင် ကျွန်မသိပ်ပြီး နားမလည်ပါဘူး။
ဘာဖြစ်လို့လဲဆိုတော့ ကိုဖီအာနန်ရဲ့ ကိုယ်ရေး အတ္ထုပ္ပတ္တိပဲဖြစ်ဖြစ်၊ UN ကထုတ်တဲ့ အတ္ထုပ္ပတ္တိပဲ ဖြစ်ဖြစ် အတ္ထုပ္ပတ္တိတစ်ခုခုကို
ကြည့်လိုက်မယ်ဆိုရင် ကိုဖီအာနန်က ကုလသမဂ္ဂမှာရှိတဲ့ နိုင်ငံတွေရဲ့ အချုပ်အခြာအာဏာကို
သိပ်အလေးမထားတဲ့ အတွင်းရေးမှူးချုပ်လို့ပဲ ကျွန်မသုံးသပ်ရမှာပဲ။ ဥပမာပြောရမယ်ဆိုရင်
ဆားဘီးယားနိုင်ငံပေါ့။ သူက သူ့ဟာသူ နိုင်ငံသက်သက်ရှိတာ။ ဆားဘီးယားနိုင်ငံကို
ကိုဆိုဗိုကိစ္စနဲ့ သူတို့ပဋိပက္ခတွေဖြစ်တုန်းက ဒါကပြည်တွင်းရေးပဋိပက္ခ။ နိုင်ငံတော်တော်များများက
ပြည်တွင်းရေး ပဋိပက္ခလို့ သတ်မှတ် ထားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုဆိုဗိုက
အစ္စလာမ်ဘာသာများတဲ့ ပြည်နယ်ဆိုပြီး သူတို့က ခွဲထွက်ချင်တယ်။ ခွဲထွက်ချင်တော့
ဥရောပတိုက်က နိုင်ငံတော်တော်များများ က အဲဒီခွဲထွက်မှုကို အားပေးတယ်။ ဆားဘီးယားနဲ့
ဥပမာ အာရှတိုက်နိုင်ငံတွေ ဘာတွေကတော့ အားမပေးဘူးပေါ့။
အဲဒီအချိန်မှာ
ဆားဘီးယားကို အတင်းအကျပ် ဝင်တိုက်ဖို့ UN မှာလည်း သဘောမတူနိုင်ဘူး။ သဘောမတူနိုင်တော့ ဘာလုပ်သလဲဆိုတော့ ကိုဖီအာနန်ရဲ့
ခွင့်ပြုချက်နဲ့ အမိန့်အရ နေတိုးလေယာဉ်ပျံ တွေ၊ အထူးသဖြင့် အမေရိကန်လေယာဉ်ပျံတွေက
ဆားဘီးယားကို ဗုံးကြဲလိုက်တယ်။ ၁၉၉၉ ခုနှစ်မှာ သူအတွင်းရေးမှူးချုပ်ဖြစ်နေပြီ၊
မတ်လကနေ မေလအထိ ဗုံးကြဲတယ်။ ဗုံးကြဲရင်းနဲ့ တရုတ်သံရုံးကို သွားထိတယ်။ အရင်ယူဂိုဆလားဗီးယားနိုင်ငံမှာရှိတဲ့
ဆားဘီးယားမြို့တော်ဖြစ်တဲ့ ဘဲလ်ဂရိတ် မြို့တော်မှာ တရုတ်သံရုံးကိုသွားထိတော့ တရုတ်သတင်းထောက်သုံးဦး
သေသွားတယ်။ သံရုံးက တရုတ်လူမျိုးတွေ ၂၁ ယောက်လောက် ဒဏ်ရာရတယ်။ ဒါက ကုလသမဂ္ဂက
ခွင့်ပြုထားတဲ့ ဗုံးကြဲခြင်းလည်း မဟုတ်ဘူး။ သူ့ဟာသူတစ်ဖက်သတ် အနိုင်ကျင့်တယ်လို့ပဲ
တော်တော်များများ နိုင်ငံတွေ က ယူဆကြတယ်။ ဒီတော့ ကိုဆိုဗိုခွဲထွက်တော့လည်း ဥရောပတိုက်က
အားပေးတယ်။ ဗုံးကြဲတဲ့ ဖိအားတွေနဲ့ဆိုတော့ ဆားဘီးယားက ကိုဆိုဗိုကို ခွဲထွက်တာတော့
ခွင့်မပြုဘူး။ ဒါပေမဲ့ ခွဲထွက်ခံလိုက်ရတယ်။ ဒီနေ့အထိလည်း ကိုဆိုဗိုကို သီးခြားနိုင်ငံအဖြစ်
အသိအမှတ်မပြုတဲ့ အစိုးရတွေက ကမ္ဘာပေါ်မှာ ပိုများတယ်။ အနောက်နိုင်ငံတွေကတော့ အသိအမှတ်ပြုတယ်။
အဲဒီတော့
ကျွန်မဆိုလိုတာက ကိုဆိုဗိုနဲ့ ဆားဘီးယားကိစ္စမှာ နိုင်ငံရဲ့အချုပ်အခြာဖြစ်တဲ့
ဆားဘီးယားရဲ့ လိုအပ်ချက်တွေကို၊ နောက်ပြီး သူ့ရဲ့ဥပဒေဘောင်တွေ၊ ဘာတွေမစဉ်းစားဘဲ တစ်ဖက်သတ်
ဒီလိုဗုံးကြဲခိုင်းတာတော့ အဲဒီနိုင်ငံကို မလေးစားလို့ပဲလို့ ကျွန်မတို့သတ်မှတ်ရမယ်။
ဆားဘီးယားနိုင်ငံရဲ့ အချုပ်အခြာအာဏာကို မလေးစားဘူး။
ဒါ ၁၉၉၉ ဆိုတော့
အဲဒီကတည်းက ကိုဖီအာနန်က အတွင်းရေးမှူးချုပ်ဖြစ်နေပြီ။ သူက ၂၀၀၇ ခုနှစ် အထိဖြစ်တာ။
ဘယ်သောအခါမှ ကျွန်မတို့နိုင်ငံမှာရှိတဲ့ ခွဲထွက်တဲ့ကိစ္စတွေ၊ ခွဲထွက်ဖို့
တောင်းဆိုတဲ့ ဘင်္ဂါလီတောင်းဆိုချက်တွေ ဘာတွေ၊ လူမျိုးအရ နိုင်ငံတော်က သတ်မှတ်တဲ့
အခေါ်အဝေါ်နဲ့ မသတ် မှတ်ဘဲ တခြားအခေါ်အဝေါ်နဲ့ သတ်မှတ်တာတွေ၊ ဒီလို
နိုင်ငံတော်အချုပ်အခြာကို လာထိပါးတဲ့ကိစ္စ တွေမှာ ရှင်းရှင်းပြောရင်
ကော်မရှင်တစ်ခုဖွဲ့ပြီး ကိုဖီအာနန်ကို အဲဒီကော်မရှင်ဥက္ကဋ္ဌအနေနဲ့ ခန့်မယ်လို့
ကျွန်မကမထင်ခဲ့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူ့လုပ်ရပ်တွေအားလုံးက
နိုင်ငံတစ်နိုင်ငံရဲ့ အချုပ်အခြာ အာဏာကို သူအလေးမထားဘူးဆိုတာ ပြနေတယ်လို့
ကျွန်မတို့ ယူဆခဲ့တယ်။
အဲဒီအချိန်မှာ
မြန်မာနိုင်ငံအစိုးရက ကိုဖီအာနန်ပါဝင်တဲ့ ကော်မရှင်ဖွဲ့မယ်ဆိုတော့ လွှတ်တော်ထဲမှာ
ရခိုင်ပါတီ (ANP)နဲ့
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) တို့က ကန့်ကွက်ကြတယ်။ မလုပ်ပါနဲ့။ ကျွန်တော်တို့၊ ကျွန်မတို့ သဘောမတူကြဘူးပေါ့လေ။
ဒါပေမဲ့ အဲဒီလို ကန့်ကွက်ချက်တွေ ကို နားမထောင်ဘူး။ လွှတ်တော်ကို ပေးမဆုံးဖြတ်ဘဲ
အဲဒီအချိန်ကလုပ်ခဲ့တဲ့ နိုင်ငံ့ခေါင်းဆောင်တွေက ကိုဖီအာနန်ကို
ကော်မရှင်ဖွဲ့ခိုင်းပြီး အဲဒီမှာ စုံစမ်းခိုင်းတယ်။ စစ်ဆေးခိုင်းတယ်။ အဲဒါပြီးတော့
အစီရင် ခံစာထုတ်ခိုင်းတယ်။
ဒုတိယကဏ္ဍအနေနဲ့
ပြောရမယ်ဆိုရင် ကိုဖီအာနန်ကော်မရှင်ကိုဖွဲ့ပြီး သူတို့က ကွင်းဆင်းပြီး အစီရင်ခံစာ ထုတ်တော့
ဘယ်လိုဖြစ်လာသလဲ ဆိုတာပြောရမယ်။ ပထမအချက်ကတော့ ကွင်းဆင်း နေတုန်းပဲ
ဘင်္ဂါလီမိသားစုတွေ၊ ဘင်္ဂါလီရွာတွေကို သူတို့ကသွားပြီး ကိုယ်တွေ့အင်တာဗျူးတွေ၊
ကိုယ်တွေ့ စစ်ဆေးရေးတွေလုပ်တယ်။ သူတို့အင်တာဗျူးတွေလုပ်နေတုန်း ဖုန်းကဝင်လာတယ်။
ဖုန်းတွေဝင်လာပြီး ချက်ချင်းပဲ သူတို့ကိုယ်သူတို့ မွတ်ဆလင်ခေါ်ရာကနေ
ရိုဟင်ဂျာဆိုပြီးခေါ်တယ်။ အဲဒီအချက်ကိုကြည့်လိုက်ရင် အပြင်ကနေ တစ်ဦးဦးက
ဒီနာမည်ကိုသုံးအောင် ကြိုးကိုင်နေတဲ့ သဘော ရှိတယ်။
တတိယအချက်က
အဲဒီအစီရင်ခံစာထွက်လာတော့ နိုင်ငံတော်အနေနဲ့ ဒါတွေကို အကောင်အထည် ဖော်ဖို့
အင်မတန်ခက်တဲ့ အချက်တွေပါတယ်။ အဲဒီအချက်တွေက ဘာတွေလဲဆိုတာ ကျွန်မအနေနဲ့
အနည်းငယ်ပြောလိုပါတယ်။ ဒါပေမဲ့ အဲဒီလိုမပြောခင် အကောင်အထည်ဖော်လို့ ခက်တယ်ဆိုတော့
အကောင်အထည်မဖော်တော့ ဘာဖြစ်သလဲဆိုရင် နိုင်ငံတော်အနေနဲ့ အပြောခံထိတာပေါ့။
ကိုဖီအာနန်လို အထင်ကရပုဂ္ဂိုလ်ကြီးထောက်ခံတဲ့ အစီရင်ခံစာ၊ သူကိုယ်တိုင်ပါခဲ့တဲ့
အစီရင်ခံစာမှာ ဘာကြောင့် ဒီလိုထောက်ခံတဲ့အတိုင်း မလုပ်သလဲဆိုတာ အဲဒီလိုမေးစရာတွေ
ဖြစ်လာတယ်။ ဖြစ်လာတော့ အဲဒီအချိန်မှာ နိုင်ငံတော်က ခေါင်းဆောင်တွေကလည်းပြောတယ်။
အဲဒီအတိုင်း လုပ်ပါမယ်ဆိုပြီး ကတိပေးတယ်။ အခုအချိန်ကတော့ အချိန်တွေလည်း အများကြီး
ကုန်ခန်းသွား ပါပြီ။ ရခိုင်ပြည်နယ်အခြေအနေကလည်း အင်မတန်ပြောင်းလဲသွားပါပြီ။
အဲဒါတွေကို အကောင်အထည် ဖော်လို့ လွယ်သလား၊ မလွယ်ဘူးလားဆိုတာ နိုင်ငံသားတွေ ကိုယ့်ဘာသာကိုယ်ဆုံးဖြတ်ပါ။
အကောင်အထည်ဖော်ဖို့
အခက်အခဲတွေ့မှာကတော့ ပထမဦးဆုံး နိုင်ငံသားဥပဒေပါ။ နိုင်ငံသား ဥပဒေက အခုအချိန်မှာ
နိုင်ငံတော်အပေါ် သက်ရောက်တာက ၁၉၈၂ နိုင်ငံသားဥပဒေ။ အဲဒီအတိုင်း နိုင်ငံသားလိုချင်ရင် နိုင်ငံသားဥပဒေနဲ့ဘောင်ညီအောင်
နိုင်ငံသားအဖြစ် လျှောက်ရမယ်။ မှတ်ပုံတင် လျှောက်ရမယ်။ ဒါက ဘယ်ဘာသာ ဘယ်လူမျိုးကိုမှ
ပစ်မှတ်ထားပြီးလုပ်တဲ့ ဥပဒေမဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုရင် ကျွန်မကိုယ်တိုင်လည်း
ရှမ်းပြည်နယ်မှာနေပြီး ရှမ်းပြည်နယ်မှာ ကြီးခဲ့တာပဲ။ အဲဒီအချိန်တုန်းက
ရှမ်းနဲ့တရုတ်နယ်စပ်မှာဆိုရင် တရုတ်လူမျိုးတွေလည်း ဒီဥပဒေကို ဘယ်လိုပဲ ပြောပြော လိုက်နာရတာပဲလေ။
တချို့တွေက နိုင်ငံ သားကတ်ပြားရှိချင်ရှိမယ်။ အဖေက ရှိချင်မှရှိမယ်
ဒီလိုမျိုးတွေပေါ့။
ဒီတော့
ကိုဖီအာနန်ကော်မရှင်ရဲ့ အစီရင်ခံစာက ဘယ်လိုထွက်သလဲဆိုရင် အဲဒီထဲမှာ ဝေဖန်ထားတဲ့
မြန်မာနိုင်ငံ နိုင်ငံသားဥပဒေသည် နိုင်ငံတကာအဆင့်အတန်းနဲ့
နိုင်ငံတကာသတ်မှတ်ချက်တွေနဲ့ မမီဘူးလို့ပြောထားတယ်။ ဒီဥပဒေကို ပြန်လည်ဆန်းစစ်ပြီး
ပြင်သင့်သလို ပြင်ရမယ်ပေါ့ အဲဒီလိုပြော ထားတယ်။အဓိကကဘာလဲဆိုတော့ တစ်အချက်က
ကျွန်မအနေနဲ့ သုံးသပ်တာပါ။ ဒါက လူတိုင်းလည်း သုံးသပ်နိုင်ပါတယ်။ နိုင်ငံတကာစံဆိုတာ
ဘာလဲ။ နိုင်ငံသားဥပဒေမှာ နိုင်ငံတကာစံရော ရှိသလား။ ဗြိတိန်နိုင်ငံသားဖြစ်ဖို့ရာ
သူ့ဟာသူသတ်မှတ်ချက်ရှိမယ်။ အမေရိကန်နိုင်ငံသား ဖြစ်ဖို့ရာလည်း ကျွန်မကြားဖူးသလောက်
သတ်မှတ်ချက်ရှိတယ်။ ဘယ်အခြေအနေတွေကို ပြည့်စုံအောင် လုပ်ရမယ်ဆိုတာတွေပါတယ်။
ထိုင်းနိုင်ငံသား ဖြစ်ဖို့ရာလည်း သတ်မှတ်ချက်တွေ ရှိတယ်။ ကျွန်မတို့
မြန်မာနိုင်ငံသားဖြစ်ဖို့ကျတော့ ပထမသတ်မှတ်ချက်တွေ အများကြီးရှိပါတယ်။
ဒီသတ်မှတ်ချက်တွေကြားထဲမှာ သတ်မှတ်ချက် ထင်ထင်ရှားရှား တစ်ခုကတော့ တိုင်းရင်းသား ဘာသာစကားတစ်ခုကို
ကျွမ်းကျွမ်းကျင်ကျင်ပြောနိုင်ရမယ်ဆိုတော့ ဒီဟာတွေက ဘယ်လိုမှ နိုင်ငံတကာ စံနှုန်းနဲ့
သွားနှိုင်းလို့မရဘူး။ နိုင်ငံတကာစံနှုန်းနဲ့ညီအောင် ပြန်ဆန်းစစ်ပြီး
ပြောင်းသင့်တာ ပြောင်းပေးရမယ်ဆိုတော့ မခက်ပေဘူးလား။ ဒါက အင်မတန် အကောင်အထည်ဖော်လို့မလွယ်တဲ့
အကြံပြုချက်၊ သတ်မှတ်ချက်ဖြစ်နေတယ်။
ဒုတိယတစ်ချက်က
ကိုဖီအာနန်ကော်မရှင်က မကြိုက်တာ နိုင်ငံသားကလည်း အဆင့်အမျိုးမျိုး ရှိတယ်။
တခြားနိုင်ငံတွေမှာ နိုင်ငံသားအမျိုးအစား မရှိတာတော့ မဟုတ်ပါဘူး။
မြန်မာနိုင်ငံလောက် တော့ သတ်မှတ်ချက်မများဘူးတဲ့။ ကိုယ်တွေရဲ့ နိုင်ငံသားဥပဒေကို
ပြန်ကြည့်တဲ့အခါ တကယ်တော့ နိုင်ငံသားဆိုတဲ့အထဲမှာ နိုင်ငံသားမဟုတ်တဲ့သူ မဟုတ်ဘဲနဲ့
နိုင်ငံသားဖြစ်တဲ့သူတွေထဲမှာပဲ နိုင်ငံသားဆိုတာ သတ်မှတ်ချက်ရှိတယ်။ အဲဒါကတော့
မွေးကတည်းက နိုင်ငံသား။ ၁၈၂၃ ခုနှစ် မတိုင်ခင်ကတည်းက ကိုယ့်ရဲ့ မိဘ၊ ဘိုး၊ ဘေး၊
ဘီ၊ ဘင်တွေက မြန်မာပြည်ကိုရောက်ပြီး အဲဒီမိသားစု တွေက ဆင်းသက်လာတဲ့ တိုင်းရင်းသားလူမျိုးတွေပေါ့။
ဒါတွေအားလုံးကတော့ မွေးရာပါနိုင်ငံသား တွေပါ။ နောက်တစ်ခုကတော့
ဧည့်နိုင်ငံသားဆိုပြီး ရှိတယ်။ ဧည့်နိုင်ငံသားဆိုတော့ ၁၉၄၈ ခုနှစ် မြန်မာ
နိုင်ငံသားအက်ဥပဒေလုပ်လိုက်တယ်။ အဲဒီအက်ဥပဒေအရ နိုင်ငံသားဖြစ်လာတဲ့ပုဂ္ဂိုလ်ကို
ဧည့်နိုင်ငံသားလို့ ခေါ်တယ်။
နောက်တစ်ခုက
နိုင်ငံသားပြုခွင့်ရသူ။ ၁၉၈၂ နိုင်ငံသားဥပဒေနဲ့ လျှောက်ထားတဲ့သူတွေ အမျိုးမျိုး
ရှိတယ်။ ဒါတွေကလည်း ကျွန်မတို့နိုင်ငံသားဥပဒေရဲ့ တစ်စိတ်တစ်ပိုင်းပဲ။ ဒါတွေကိုပါ
ပြောင်းပစ်ရမယ်ဆိုတော့လည်း အမျိုးအစားတွေမရှိအောင် ထားရမယ်ဆိုတော့ တစ်နိုင်ငံနဲ့ တစ်နိုင်ငံက
မတူဘူး။ တချို့နိုင်ငံတွေက နိုင်ငံသားဖြစ်တယ်၊ နိုင်ငံသား မဖြစ်ဘူးဆိုပြီး
ရှိရင်ရှိမှာပေါ့။ တချို့နိုင်ငံတွေကလည်း နိုင်ငံသားမှာမှ အဆင့်အမျိုးမျိုး
ရှိတာတွေ ရှိပါတယ်။ အဲဒီနှစ်ချက်အနေနဲ့ပဲ နိုင်ငံတကာ စံသတ်မှတ်နှုန်းတွေ၊
စံသတ်မှတ်ထားတဲ့အတိုင်း ဖြစ်သင့်တယ်။ နောက်တစ်ခုက နိုင်ငံသားက အမျိုးအစားမခွဲသင့်ဘူးဆိုတာနဲ့ပဲ
အကောင်အထည် ဖော်ရတာပေါ့။ လောလောဆယ် သူပြောတဲ့အခြေအနေမှာ ရခိုင်ပြည်နယ်မှာက
အရေးပေါ်ဖြစ်နေတယ်။ မြန်မာနိုင်ငံကလည်း ရခိုင်ပြည်နယ်နဲ့ ပတ်သက်လို့က
အရေးပေါ်အခြေအနေပဲ။ အဲဒီအခြေအနေမှာ ဘယ်လိုမှ ၁၉၈၂ နိုင်ငံသားဥပဒေကိုတော့
ပြောင်းလို့ရမှာမဟုတ်ဘူး။ အဲဒါကို ကျွန်မမီးမောင်းထိုးပြချင်ပါတယ်။
နောက်တတိယအချက်အနေနဲ့
ရခိုင်ပြည်နယ်အဝင်အထွက်ကို သတင်းထောက်တွေကအစ နိုင်ငံတကာ သတင်းထောက်တွေ၊
နိုင်ငံတကာပုဂ္ဂိုလ်တွေကအစ ရခိုင်ပြည်နယ်အဝင်အထွက် အားလုံးကို ခွင့်ပြုရမယ်။
ဘာမှလုံခြုံရေး ကန့်သတ်ချက်တွေ မရှိရဘူးဆိုတာလည်း ပါဝင်တယ်။ ဒါကြောင့် အဲဒီအချိန်မှာ
စောစောကပြောခဲ့တဲ့အတိုင်းပဲ အရေးပေါ် အခြေအနေဖြစ်နေပြီး အင်မတန် တင်းမာနေတယ်။
တင်းမာနေတယ်ဆိုတာ ကိုယ်နဲ့မဟုတ်ဘူးနော်။ တပ်မတော်နဲ့လည်း မဟုတ်ဘူး။
ရှင်းရှင်းပြောရရင် အဲဒီတုန်းကတော့ ရခိုင်တိုင်းရင်းသားတွေနဲ့ ဘင်္ဂါလီနဲ့က
တင်းမာနေတဲ့အချိန်မှာ လုံးဝလွှတ်ပေး လိုက်လို့လည်း မဖြစ်ဘူးလေ။
အဲဒီလုံခြုံရေးစည်းမျဉ်းတွေ ဘာတွေရှိခဲ့တယ်။ အသွားအလာ စည်းမျဉ်းတွေ။ စတုတ္ထအချက်က
ဘာလဲဆိုတော့ နယ်ခြားစောင့်တပ်တွေပါအားလုံး ရခိုင်ပြည်မှာရှိတဲ့ လုံခြုံရေးပုဂ္ဂိုလ်တွေအားလုံးကို
ရဲတွေပဲ ရှိစေချင်တယ်ပေါ့။ အဲဒီပုံစံပြောတော့လည်း နည်းနည်းလက်တွေ့မကျဘူးပေါ့လေ။
ဘာဖြစ်လို့လဲဆိုတော့ တပ်မတော် အခန်းကဏ္ဍ မပါလို့မှမရတာ။ အဲဒီလိုပြောချင်တာပါ။
အမေရိကန်နိုင်ငံသား စာရေးဆရာ Rick Heizman ၏ ပြောကြားချက်
ကျွန်တော်က
အမေရိကန်နိုင်ငံ ဆန်ဖရန် စစ္စကိုမှ အမေရိကန်နိုင်ငံသား Rick Heizman ဖြစ်ပါတယ်။ အခုအချိန်မှာတော့ မြန်မာနိုင်ငံမှာ
နေထိုင်နေပါတယ်။ ၁၉၈၁ ခုနှစ် ကစပြီး မြန်မာနိုင်ငံကို အကြိမ်တော်တော်များများ
ရောက်ဖူးပါတယ်။ ရခိုင်ပြည်နယ်ကိုလည်း ၁၉၉၆ ခုနှစ်ကစပြီး အကြိမ် တော်တော်များများ
ရောက်ဖူးပါတယ်။
အခု ရခိုင်တွေနဲ့
ဘင်္ဂါလီတွေအကြား ပဋိပက္ခတွေအကြောင်း ပြောပါမယ်။ မှတ်သားရမယ့်အချက်
တစ်ချက်ရှိတာကတော့ ဒီပဋိပက္ခက အချိန်အကြာကြီး တည်ရှိနေတာဖြစ်ပြီး အခြေခံအားဖြင့်
ဒုတိယ ကမ္ဘာစစ် ကာလကတည်းက ရှိနေတာဖြစ်တယ်။ မကြာသေးမီကပဲ အဲဒီမှာ ဘင်္ဂါလီတွေရဲ့
အဓိက တိုက်ခိုက်မှု သုံးကြိမ် ဖြစ်ပွားခဲ့တယ်။ ၂၀၁၂၊ ၂၀၁၆ နဲ့ ၁၀ လအကြာ ၂၀၁၇
ခုနှစ်တွေပါ။ ၂၀၁၇ ခုနှစ် တိုက်ခိုက်မှုဟာဆိုရင် လုံးဝကို အံ့အားသင့်ဖွယ် ဖြစ်ပြီး
ကမ္ဘာ့အကြီးဆုံး အကြမ်းဖက်မှုလို့ သမိုင်းမှာ ခေါ်ဆိုရမလောက်ပဲ။ အဲဒီအချိန် ၂၀၁၇
ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့ နံနက်စောစောမှာ အံ့ဩဖွယ် တိုက်ခိုက်မှုတွေ စတင်ခဲ့ပြီး
ပစ်မှတ် ၁၅၀ လောက် ကို တိုက်ခိုက်ခဲ့တယ်။ အဲဒီမှာ ရွာတွေ၊ တပ်အခြေ
စိုက်စခန်းတွေလည်း ပါတယ်။
တပ်အခြေစိုက်စခန်းနဲ့
ရဲစခန်း ၃၀ တိုက်ခိုက် ခံရပြီး ရွာပေါင်း ၈၀ လောက် အဲဒီနံနက်မှာပဲ
တိုက်ခိုက်ခံခဲ့ရတယ်။ တချို့ရွာတွေကတော့ နောက်နေ့ နံနက်မှ တိုက်ခိုက်ခံခဲ့ရတယ်။
(သတင်းလည်း မရကြတော့။) ကမ္ဘာ့အကြီးမားဆုံးအကြမ်းဖက်မှုအဖြစ် မှတ်သားရမယ်လို့ ပြောရတဲ့
အကြောင်းရင်း ကတော့ မယုံနိုင်ရလောက်တဲ့ ကိန်းဂဏန်းတွေကြောင့်ပဲ ဖြစ်တယ်။ တချို့သော
ဘင်္ဂါလီ အကြမ်းဖက်တွေ ရာချီကလည်း ပစ်မှတ် ၁၅၀ ကို တိုက်ခိုက်ခဲ့တယ်။ သူတို့မှာ
ခေတ်မီ လက်နက်တွေ မရှိဘူး။ တချို့မှာတော့ ရိုင်ဖယပြောင်းရှည်သေနတ်တွေရှိတယ်။
ဒါပေမဲ့လည်း လက်နက်အများစုက တုတ်၊ ဓားနဲ့ တောခုတ်ဓားလို လက်နက်တွေပဲဖြစ်တယ်။
အားလုံး ထိတ်လန့်အံ့ဩ ကုန်ကြတယ်။ အဲဒီအဖြစ်အပျက်ကို ပြန်တွေးတိုင်း နယူးယောက်က
အကြမ်းဖက်မှုဖြစ်ရပ် 9 / 11 ကို ပြန်သတိရမိတယ်။
ဒါဟာအလွန်ကြီးမားတယ်၊ ဘာလို့လဲဆိုတော့ ပြန်ပေးဆွဲသူ ၁၉ ဦး၊ မတူညီတဲ့
ပစ်မှတ်နေရာတွေကြောင့်ပါ။ ဒါပေမဲ့ ပစ်မှတ် ၁၅၀၊ ၁၆၀ နဲ့ တကယ်တော့ လူပေါင်းတစ်သိန်း
လောက်နဲ့ ကျေးရွာတွေ ၊ ပြည်သူတွေဟာ သူတို့ရဲ့ တိုက်ခိုက်မှုတွေ ခံရတယ်။
ဓားနဲ့ခုတ်သတ်ခံခဲ့ ကြရတယ်။ တချို့တွေက ပစ်သတ်ခံခဲ့ရတယ်။ ဘင်္ဂါလီ တွေရဲ့ ဆက်လက်တိုက်ခိုက်မှုတွေနဲ့ ရွာတွေကို
မီးရှို့မှုတွေကြောင့် နှစ်ပတ်လောက် အခြေအနေ တင်းမာလာခဲ့တယ်။
မြန်မာ့တပ်မတော်ဟာ
နိုင်ငံတိုင်းရဲ့ တပ်မတော်တွေ လုပ်ဆောင်တဲ့အတိုင်း ဝင်ရောက်လုပ်ဆောင် ခဲ့တယ်။
နိုင်ငံတိုင်းမှာ သောင်းကျန်းသူတွေကို တွန်းလှန်ဖို့နဲ့ ဖြစ်ပွားလျက်ရှိတဲ့
အကြမ်းဖက်လုပ်ရပ် တွေကို ရပ်တန့်အောင် ဆောင်ရွက်ဖို့ တပ်မတော်ရှိကြပါတယ်။
တပ်မတော်မှာ သောင်းကျန်းသူတွေကို လိုက်လံရှာဖွေပြီး ဖယ်ရှားရမယ့် တာဝန်ရှိတယ်။
ဒီလို ဘင်္ဂါလီအကြမ်းဖက်သမားတွေကို တွန်းလှန်ဖို့ တပ်မတော်အနေနဲ့
သတင်းပတ်နှစ်ပတ်လောက် အချိန်ယူခဲ့ရတယ်။ အခုလို အလားတူဖြစ်ရပ်မျိုး ၂၀၁၂ ခုနှစ်နဲ့
၂၀၁၆ ခုနှစ်မှာလည်း ဖြစ်ခဲ့တယ်။ သေသေချာချာကြည့်မယ်ဆိုရင် ဒီအဖြစ်အပျက်
သုံးရပ်လုံးဟာ ဘင်္ဂါလီအကြမ်းဖက်သမားတွေက စတင်ခဲ့တယ်ဆိုတာ ရှင်းရှင်းတွေ့ရပါတယ်။
သူတို့ က ဗလီတွေကို သူတို့ရဲ့ ဌာနချုပ်တွေအဖြစ် အသုံးချပြီးလုပ်ဆောင်ဖို့
အစီအစဉ်တွေရှိနေခဲ့တာပါ။ ရွာထဲက ဗလီတွေက ပြည်သူတွေကို ဦးနှောက်ဆေးတာနဲ့ပတ်သက်ပြီး
အဓိကတာဝန်ရှိတယ်။
ဖမ်းဆီးမိထားတဲ့
အကျဉ်းသားတွေကို ကျွန်တော်တို့က မေးခွန်းတွေ မေးမြန်းပြီး မှတ်သားခဲ့တယ်။ သူတို့အားလုံးက
သူတို့ရဲ့ ဗလီနဲ့ ဗလီဆရာ တွေကိုသာ ဖော်ပြကြတယ်။ ဗလီဆရာတွေက တိုက်ခိုက်မှုတွေ လုပ်ဆောင်ဖို့
ပြည်သူတွေကို ဦးနှောက်ဆေးပြီး အယူဝါဒသွတ်သွင်းခဲ့ကြတယ်။ ဗုဒ္ဓဘာသာဝင်တွေ၊ လူနည်းစု
ဟိန္ဒူတွေနဲ့ တခြားသော မျိုးနွယ်စုတွေ၊ သူတို့ဘာသာဝင်မဟုတ်သူ အားလုံးကို
ဖယ်ထုတ်ချင်တဲ့ သူတို့ရဲ့ရည်မှန်းချက်ကို ရှင်းရှင်းလင်းလင်း တွေ့ရပါတယ်။
အကျဉ်းသား တွေနဲ့ အင်တာဗျူးဖြေကြားသူတွေရဲ့ တုံ့ပြန်မှုတွေ မှာလည်း
အခုလိုပြောဆိုမှုတွေ တွေ့ရတယ်။ ဗလီ တွေမှာ ရည်မှန်းချက်တွေကို သင်ကြားပေးနေတဲ့
ခေါင်းဆောင်တွေရှိတယ်။ အဲဒီရည်မှန်းချက်ဆိုတာ မြန်မာကနေခွဲထွက်ပြီး
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်တစ်ခု၊ ရှာရီယာဥပဒေနဲ့ အစ္စလာမ်နိုင်ငံ
တစ်ခုဖြစ်လာဖို့ပဲ ဖြစ်တယ်။ သူတို့လိုချင်တာ ဒါပဲ။ ဒါဟာ
သူတို့ဘာလိုချင်တယ်ဆိုတာကို ပြောတာပဲ။
၂၀၁၇ ခုနှစ် ဩဂုတ်လ
၂၅ ရက်နေ့ တိုက်ခိုက်မှု မတိုင်ခင်မှာ အာဆာ ARSA ရဲ့ ခေါင်းဆောင်ဟာ အကြမ်းဖက်အုပ်စုဖြစ်တဲ့ အာရကန်ရိုဟင်ဂျာ
လက်နက်ကိုင်အဖွဲ့ဝင်ဖြစ်တယ်။ အဲဒီမတိုင်ခင်မှာ ခေါင်းဆောင်ဖြစ်သူရဲ့ ဖုန်းကို
ခိုးနားထောင်ခံခဲ့ရပြီး ARSA ရဲ့ ခေါင်းဆောင်ဟာ Atais ဆိုတာ မသိခဲ့ဘူး။ မတိုက်ခိုက်မီအရင်နေ့မှာ
အရေးကြီးဖုန်းခေါ်ဆိုမှု သုံးခုကိုတွေ့ရပြီး နှစ်ခုက ပါကစ္စတန် နိုင်ငံက
ဗိုလ်ချုပ်နဲ့ ပြောခဲ့တာဖြစ်တယ်။ နောက်တစ်ခုက ဆီးရီးယားရှိ ISIS ခေါင်းဆောင်နဲ့ ပြောခဲ့တာ ဖြစ်ပါတယ်။ ဒါတွေဟာ
အဝင်ခေါ်ဆိုမှုတွေဖြစ်တယ်။ သူတို့ဆီကို ခေါင်းဆောင်တွေရဲ့ ခေါ်ဆိုမှု၊
စာပို့မှုတွေဖြစ်ပြီး ဘာသာပြန်တဲ့အခါ သူတို့ရဲ့ တိုက်ခိုက်မှုတွေအတွက် ကြိုတင်ပြီး
ဂုဏ်ပြုစကား ပြောတာတွေပဲဖြစ်တယ်။ ပါကစ္စတန်ဗိုလ်ချုပ်ကလည်း တိုက်ခိုက်မှုကို
ရှေ့ဆက်ဖို့ဆန္ဒရှိတယ်။ သူတို့ကတစ်ပတ်အကြာမှာ အခုလိုတိုက်ခိုက်မှုမျိုး
စီစဉ်ပြီးဖြစ်တယ်။ မနက်ဖြန်မှာ တိုက်ခိုက်မှု လုပ်ဆောင်မယ်။ ဒီအစီအစဉ်ဟာ
ပစ်မှတ်အများကြီးကို စီစဉ်ထားတာဖြစ်တယ်။ ဒါပေမဲ့ ခေါင်းဆောင်ဟာ
ဘက်ပြောင်းသွားသူတွေရဲ့ သတင်းပေးမှုကို ကြောက်လန့်ပြီး အစီအစဉ်ပြောင်းလဲ
လိုက်တာပါ။ ဒီလုပ်ရပ်တွေ အားလုံးဟာ လူမျိုးသုဉ်း သတ်ဖြတ်ဖို့ ကြံစည်မှုပဲဖြစ်တယ်။
လူမျိုးသုဉ်းသတ်ဖြတ်ရန်
ကြံစည်မှုဆိုတဲ့ စကားစုဟာ ဒီနေရာမှာ အလွန်အရေးကြီးပါတယ်။ ဆိုလိုတာက
လူမျိုးသုဉ်းသတ်ဖြတ်ရန် ကျူးလွန်ဖို့ ကြံစည်တာပါ။ ဘင်္ဂါလီတွေက အဲဒီဒေသမှာရှိတဲ့
သူတို့ဘာသာဝင်မဟုတ်တဲ့ ပြည်သူတွေကို လူမျိုး သုဉ်းသတ်ဖြတ်ချင်တာပါ။ ဒါပေမဲ့
သူတို့ကျရှုံး ခဲ့တယ်။ ဒါ့ကြောင့်မို့ လူမျိုးသုဉ်းသတ်ဖြတ်ရန် ကြံစည်မှုလို့ ခေါ်တာပါ။
အခုလည်း ဘင်္ဂါလီတွေက သူတို့ဟာ လူမျိုးသုဉ်းသတ်ဖြတ်ရန် ကြံစည်မှုရဲ့ ပစ်မှတ်တွေ
ဖြစ်နေပါတယ်လို့ ပြောနေကြောင်း သိပါတယ်။ ဒါဟာ အမှန်တရားမဟုတ်ပါဘူး။
ရှိနေတဲ့
သက်သေတွေအားလုံးကို ကြည့်မယ်ဆိုရင် ဘင်္ဂါလီလူမျိုးတွေရဲ့ ပြောဆိုချက်တွေပဲဖြစ်တယ်။
ဒါပေမဲ့ လူမျိုးသုဉ်းသတ်ဖြတ်ရန် ကြံစည်မှုမဟုတ်ပါဘူး။ တကယ်လို့ မြန်မာ့တပ်မတော်ကသာ
လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ချင်တယ်ဆို အလွယ်လေးပါ။ ဒီလူတွေအားလုံးကို နယ်စပ်
ဖြတ်ကျော်သွားဖို့၊ သတ်ဖြတ်ဖို့ ဒါမှမဟုတ် တစ်ခုခု လုပ်လို့ရပါတယ်။ ဒါပေမဲ့
မလုပ်ခဲ့ပါဘူး။ ဒါဟာ ဘယ်နိုင်ငံမဆို တစ်စုံတစ်ယောက် ဝင်ရောက် ကျူးကျော်တဲ့အခါ
လုပ်ဆောင်ရမယ့် လုံခြုံရေး တပ်ဖွဲ့ရဲ့တာဝန်ကို လုပ်ဆောင်နေခြင်းဖြစ်ပါတယ်။ မကြာမီ
လူမျိုးသုဉ်းသတ်ဖြတ်ရန် ကြံစည်မှု အကြောင်းကို ထပ်ပြောပြပါမယ်။
သမိုင်းကြောင်းကို
ကြည့်မယ်ဆိုရင် ၁၉၄၂ ခုနှစ် ဒုတိယကမ္ဘာစစ်အတွင်း မောင်တော၊ ဘူးသီး တောင်မှာ
ကြီးမားတဲ့ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေရှိခဲ့တယ်။ ဗုဒ္ဓဘာသာဝင်တွေ
အများကြီး သေကျေခဲ့တယ်။ ဗုဒ္ဓဘာသာဝင် သုံးသောင်းလောက်သေဆုံးခဲ့တယ်။ ဗုဒ္ဓဘာသာဝင်
တစ်သိန်းခန့် ထွက်ပြေးခဲ့ရတယ်။ ဗုဒ္ဓဘာသာဝင်ရွာ လေးရာကျော် မီးရှို့ခံခဲ့ရတယ်။
အဲဒီအချိန်က ဗြိတိသျှ တာဝန်ရှိသူတွေတောင်မှ “ရွာတွေ မီးလောင်နေတယ်၊ အားလုံးပဲ
မွတ်ဆလင်တွေက ဗုဒ္ဓဘာသာဝင်တွေဆီက လွှဲပြောင်းယူနေကြတယ်၊ ဒီလိုဆက်သွားရင်
ဗုဒ္ဓဘာသာဝင်တွေ အနာဂတ် မရှိတော့ဘူး” ဆိုတာမျိုး ပြောခဲ့ကြတယ်။ အဲဒီ အချိန်က
ဗြိတိသျှ လေ့လာသုံးသပ်သူတစ်ဦးရဲ့ ပြောစကားဖြစ်တယ်။
မူဂျာဟစ်လို့ခေါ်ကြတဲ့
မြေအောက်လှုပ်ရှားမှုတွေလည်း ရှိခဲ့တယ်။ မူဂျာဟစ်ဆိုတာ အာရပ်စကား ဖြစ်တယ်။
မူဂျာဟစ် ပြောက်ကျားအဖွဲ့က ၁၅ နှစ် ကြာလှုပ်ရှားမှုတွေ လုပ်ဆောင်ခဲ့တယ်။ ၁၉၆၀၊
၁၉၇၀၊ ၁၉၈၀ နဲ့ ၁၉၉၀ ပြည့်နှစ်ဝန်းကျင်တွေမှာ ဘင်္ဂါလီ အကြမ်းဖက်သမားတွေဟာ
ဗုဒ္ဓဘာသာဝင်တွေကို နှင်ထုတ်ဖို့ တစ်ကြိမ်ပြီးတစ်ကြိမ်
အမျိုးမျိုးသောကြိုးပမ်းမှုတွေ လုပ်ဆောင် ခဲ့ကြတာ နောက်ဆုံး ၂၀၁၂၊ ၂၀၁၆ နဲ့ ၂၀၁၇
တွေ အပါအဝင်ပါ။ ဖြစ်ရပ်တိုင်းမှာ အပြစ်ကျူးလွန်မှု တွေဟာ ဘင်္ဂါလီ
အကြမ်းဖက်သမားတွေပဲဖြစ် တယ်။ ဗုဒ္ဓဘာသာဝင်တွေက စတင်တိုက်ခိုက်တာ မရှိခဲ့ဖူးဘူး။
ဗုဒ္ဓဘာသာဝင်တွေက အဲဒီမှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လွတ်လွတ်လပ်လပ်နေချင် တယ်။
ဟိန္ဒူဘာသာဝင် လူနည်းစု၊ တိုင်းရင်းသားလူမျိုးစုတွေဖြစ်တဲ့ သက် လူမျိုး၊ မြို
လူမျိုး၊ ခမီ လူမျိုးတွေ ရောပါပါမယ်။
အခုကြီးမားလှတဲ့
ဆုံးရှုံးမှုအကြောင်း ပြောတာပေါ့။ ၂၀၁၇ ခုနှစ်ပြီးနောက် ဘင်္ဂါလီတွေက တူလာတိုလီ
(မင်းကြီးရွာ)၊ ချွတ်ပြင်၊ မောင်နု၊ အင်းဒင်တို့လို နေရာတွေမှာ အစုလိုက်အပြုံလိုက်
သတ်ဖြတ်ခံရ တယ်လို့ အော်ဟစ်ကြတယ်။ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတယ်လို့ ယူဆတဲ့နေရာတွေ
တစ်နေရာချင်း ကျွန်တော်သွားခဲ့တယ်။ အစုလိုက် အပြုံလိုက်သတ်ဖြတ်ခံရတယ်ဆိုတဲ့ သက်သေ မတွေ့ခဲ့ဘူး။
ဒါ့ကြောင့် အဲဒီကနေ တစ်မိုင်၊ နှစ်မိုင်ဝေးတဲ့ ရွာတွေကလူတွေကို မေးမြန်းကြည့်တော့
လူတွေမှာ ကြောက်စရာကောင်းတဲ့ ဇာတ်လမ်းတွေရှိခဲ့ပြီး ဘာတွေဖြစ်နေလဲဆိုတာ ပြောပြကြပေ
မယ့် အဲဒီမှာ အစုလိုက် အပြုံလိုက်သတ်ဖြတ်မှု ဖြစ်တယ်ဆိုတာ ဘယ်သူမှ မကြားဖူးကြဘူး။
တစ်ခုတည်းသော
အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဆိုတာ ခမောင်းဆိပ်ကျေးရွာအုပ်စု က ဟိန္ဒူလူမျိုး
တစ်ရာကျော် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုဖြစ်ပြီး ဒါဇင်ချီတဲ့ အမျိုးသား၊
အမျိုးသမီး ရုပ်အလောင်းတွေ စုပုံထားတဲ့ ဂူတွေကိုသာ ရှာဖွေတွေ့ရှိခဲ့တယ်။ အဲဒီမှာ
အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရမှုထဲကနေ ရှင်ကျန်သူအချို့ရှိခဲ့တယ်။
အသက်ရှင်ကျန်ရစ်သူတွေဟာ အသက်၂၀ ခန့်ရှိ လှပတဲ့ ဟိန္ဒူမိန်းကလေးတွေဖြစ်ပြီး
သူတို့ရဲ့ ဖခင်တွေ၊ ခင်ပွန်းတွေနဲ့ ကလေးတွေ သူတို့ရှေ့မှာပဲ သတ်ဖြတ်ခံရတာကို ကြည့်ရှုဖို့ အတင်းအကျပ်ခိုင်းစေခံခဲ့ရတယ်။
ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ဘင်္ဂါလီတွေဆီ သွားဖို့၊ အသက်အရွယ်ကြီးရင့်တဲ့
မွတ်ဆလင်ယောကျ်ားကြီးတွေကို လက်ထပ်ဖို့ လည်း ဖိအားပေးခံခဲ့ရတယ်။ အသက်ရှင်ကျန်ရစ်သူတွေကို
ကယ်ဆယ်နိုင်ခဲ့တယ်။ သူတို့ရဲ့အဖြစ် အပျက်တွေ ဟာ လူမဆန်တဲ့ဖြစ်ရပ်တွေဖြစ်ခဲ့တယ်။
ဒါကြောင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ပြဿနာ အားလုံးထဲမှာ ဟိန္ဒူတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတစ်ခုတည်းသာ
တကယ့် ဖြစ်ရပ်မှန်ပါ။
ကျွန်တော်က
ကျွန်တော့်အဖွဲ့နဲ့အတူ ရခိုင်ပြည်နယ်ထဲကို သုံးကြိမ်တိုင်တိုင် ဝင်ခွင့်ရခဲ့ပါတယ်။
အဲဒီမှာ ကျွန်တော့်ကို ကူညီပေးဖို့ လူငါးယောက်လောက်ကို ရွေးချယ်ခဲ့ပါတယ်။
ယာဉ်မောင်းစတဲ့ သူတွေလည်းပါတယ်။ ကျွန်တော်ဟာ ဒီလိုလုပ်ခွင့်ရတဲ့တစ်ဦးတည်းသော
နိုင်ငံခြားသားပါ။ ကျွန်တော် လုပ်ခဲ့တာက ARSA က ထုတ်လွှင့်တဲ့ YouTube ဗီဒီယိုတွေကို
ဘာသာပြန်တာပါ။ ARSA ဒါမှမဟုတ်
သူတို့အဖွဲ့ဝင်တွေထဲက ထုတ်လွှင့်တဲ့ဗီဒီယိုတွေပါ။ အဲဒီမှာ ဘာသာပြန်
တစ်ယောက်ရှိတယ်။ သူက မွတ်ဆလင် ဖြစ်ပါတယ်။ ဒါပေမဲ့ အစ္စလာမ်ဘာသာ ကို မုန်းတယ်၊
ရက်စက်ကြမ်းကြုတ်မှုတွေကို မှတ်တမ်းတင်ဖို့နဲ့ ဘာမဆိုဘာသာပြန်ဖို့ ဆန္ဒရှိတယ်။
ဘာသာစကားရဲ့ ရှုပ်ထွေးမှုတွေအားလုံးကို ကျွန်တော်တို့အများကြီး ဘာသာပြန်ခဲ့တယ်။ YouTube ကနေ ARSA ရဲ့
လုပ်ဆောင်ချက်တွေကို ပြသတဲ့ ဗီဒီယိုဖိုင် ၃၅၀ ကို ဘာသာပြန်ခဲ့တယ်။ ဥပမာ
သူတို့ကိုယ်တိုင်ရိုက်ကူးထားတဲ့ ဗီဒီယိုတွေ၊ မွတ်ဆလင်တွေကို ပြသဖို့၊
သူတို့ကြားမှာ ပြသဖို့ ရိုက်ကူးထားကြတာပါ။
ကျွန်တော်တို့ဟာ
သေဆုံးသွားတဲ့ လူသတ်သမားတွေရဲ့ ဗီဒီယိုတွေကို ရယူခဲ့ပြီး သူတို့ရဲ့ ဖုန်းတွေကို
ရခဲ့ပါတယ်။ မကြာမီအဲဒီဗီဒီယိုကို ဝင်ကြည့်ပြီး အနက်ရောင်ဦးထုပ်တွေ၊
ရှပ်အင်္ကျီတွေ၊ ဘောင်းဘီတွေ ဝတ်ဆင်ပြီး ဓားတွေနဲ့ ဗုဒ္ဓဘာသာ ရွာတစ်ရွာကို
ချီတက်ပြီး လူတိုင်းကို သတ်နေတဲ့ ဗီဒီယိုတွေကို ရယူနိုင်ခဲ့ပါတယ်။ ဒါတွေကို သူတို့လုပ်ခဲ့ပါတယ်။
အဲဒါမျိုး ဗီဒီယို ရာပေါင်းများစွာ ရှိပါတယ်။ ကြားရတာက ဘင်္ဂါလီဘာသာစကားကို
ကြားရတယ်ဆိုတာပါပဲ။ အခု မြန်မာလူမျိုးတွေက ဘင်္ဂါလီ ဘာသာစကားကို မသိဘူး။ ဒါဆိုရင်
သူတို့ ဘာပြောနေမှန်း မသိတော့ဘူး။ ဒါပေမဲ့ ကျွန်တော် ဘာသာပြန်ပြီး စာတန်းထိုးတွေ
ထည့်လိုက်တဲ့အခါ အဓိပ္ပာယ်က ကြောက်စရာကောင်းပါတယ်။
အဲဒီမှာ
ကြားရတာတွေနဲ့ မြင်ရတာတွေဟာ တကယ်ပဲဖြစ်ပျက်နေတဲ့ ကြောက်စရာကောင်းတဲ့
ဦးနှောက်ဆေးကြောခြင်းတစ်ခုနဲ့ ပေါင်းစပ်နေပါ တယ်။ အခု အာဆာ ခေါင်းဆောင် Rashed Ullah ဆီကနေ သိမ်းယူခံရတဲ့ ကွန်ပျူတာအကြောင်း ပြောကြရအောင်။
သူ့နာမည်က Rashed Ullah ပါ။ သူက ရိုဟင်ဂျာ
စည်းလုံးညီညွတ်ရေးအဖွဲ့ဖြစ်တဲ့ RSO ရဲ့
အကြီးအကဲဖြစ်ပြီး သူ့မှာရှိတဲ့ ကွန်ပျူတာကို ကျွန်တော်တို့
ဖောက်ထွင်းဝင်ရောက်ခဲ့ပါတယ်။ Password တွေ ဘာတွေမသိပေမယ့် ကွန်ပျူတာကို သိမ်းယူသွားတော့ ဖွင့်ပြီး ဗီဒီယိုဖိုင် ၇၀၀
ကျော် တွေ့ရှိခဲ့ပါတယ်။ ဒါတွေကို ကျွန်တော်တို့ ဂရုတစိုက် စစ်ဆေးပြီး
မှတ်တမ်းတင်ကာ ဘာသာပြန်ပြီး တင်ခဲ့ တဲ့ ဗီဒီယိုဖိုင်တွေပါ။
ဒါတွေက
မေယုတောင်တန်းတွေမှာ သူတို့ ပိုင်ဆိုင်ထားတဲ့ လျှို့ဝှက်လေ့ကျင့်ရေးစခန်းတွေမှာ
ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်တွေပါ။ မေယုတောင်တန်းတွေက အဲဒီဒေသမှာရှိတဲ့ အဓိကတောင်တန်းတွေ
ပါ။ ပြီးတော့ ဆော်ဒီအာရေဗျနိုင်ငံက လျှို့ဝှက်စခန်းတစ်ခုမှာ ရိုက်ကူးထားတဲ့
ဗီဒီယိုဖိုင်တွေပါ။ ဘင်္ဂါလီအကြမ်းဖက်သမားတွေဟာ အဲဒီဆော်ဒီအာရေဗျမှာ
လေ့ကျင့်နေကြတာဖြစ်ပြီး အဲဒီဒေသ နှစ်ခုကြားမှာ ဆက်စပ်မှုတွေအများကြီးရှိတယ်။
မေယုတောင်တန်း ဗီဒီယိုတွေနဲ့ ဆော်ဒီအာရေဗျက ဗီဒီယိုတွေက တုန်လှုပ်ချောက်ချားဖွယ်
သက်သေအထောက်အထားတွေပါ။ သိမ်းဆည်းရမိထားတဲ့ ကွန်ပျူတာမှာ အချက်အလက်တွေ အများကြီးပါတယ်။
ပေါက်ကွဲအားပြင်းတဲ့ C4, C3, PET, PTEN နဲ့
အခြားပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေနဲ့ အဆိပ်တွေအကြောင်း အချက်အလက်တွေပါတဲ့ စာမျက်နှာတွေ
သို့မဟုတ် ဗီဒီယိုအချက်အလက်တွေလည်း အများကြီးပါတယ်။ အဆိပ်လုပ်နည်း၊ ဗုံးလုပ်နည်း၊ ကျည်ဆန်လုပ်နည်း၊ အရာအားလုံးကို ဘယ်လိုလုပ်ရမလဲ၊
ဓားတွေနဲ့ ဘယ်လို တိုက်ခိုက်ရမလဲ၊ ဓားစာခံတွေကို ဘယ်လိုဖမ်းဆီးရမလဲ၊ မကောင်းတဲ့အရာတွေ လုပ်နည်းတွေ အကြောင်း
လမ်းညွှန်ချက်တွေပါတယ်။
ဒါတွေက
အဲဒီကွန်ပျူတာတွေထဲက ဗီဒီယိုဖိုင်တွေထဲမှာ ပါနေတာ။ နောက်တစ်ခုကတော့ မြန်မာ
နိုင်ငံမှာ တခြားမွတ်ဆလင်အုပ်စုတွေရှိတယ်။ ပန်းသေး မွတ်ဆလင်တွေ၊ ကမန်
မွတ်ဆလင်တွေနဲ့ သူတို့ကိုယ် သူတို့ ရိုဟင်ဂျာလို့ခေါ်တဲ့ ဘင်္ဂါလီမွတ်ဆလင်တွေရှိတယ်။
ဒါပေမဲ့ အဲဒါက ငြင်းခုံစရာပါ။ ကမန် မွတ်ဆလင်တွေနဲ့ ပန်းသေး မွတ်ဆလင်တွေက
တန်းတူနိုင်ငံသားတွေဖြစ်ပြီး နိုင်ငံတော် တည်ထောင်ကတည်းက နိုင်ငံသားတွေပါ။ သူတို့က
ဘာပြဿနာမှမလုပ်ကြပါဘူး။ အဲဒါက အဓိက အချက်ပဲ။ မြန်မာနိုင်ငံမှာ တခြားမွတ်ဆလင်အုပ်စုတွေက
ဘာပြဿနာမှ မလုပ်ကြပါဘူး။ သူတို့ရဲ့ ကိုယ်ပိုင်မြေအတွက် မလှုပ်ရှားကြပါဘူး။
ဘင်္ဂါလီမွတ်ဆလင်တွေကပဲ
တိုက်ခိုက်နေကြတာ။ သူတို့ ပြည်နယ်ရဲ့ အစွန်အဖျားမှာ ဘယ်တုန်းကမှ
ငြိမ်းချမ်းမှုဆိုတာ မရှိခဲ့ဘူး။ သူတို့က အမြဲတမ်းခွဲထွက်ချင်နေကြတယ်။ ပြီးတော့
သူတို့က ကျရှုံးခဲ့ ကြတယ်။ ပြီးတော့ သူတို့တိုက်ခိုက်ကြတယ်။ ပန်းသေးမွတ်ဆလင်တွေက
မူလက တရုတ်နိုင်ငံက လာတာပါ။ တရုတ်မွတ်ဆလင်တွေက နယ်စပ်ကိုဖြတ်ကျော်လာပြီးတော့
ကမန်မွတ်ဆလင်တွေရဲ့ အမွေအနှစ်က ရှေးယခင်ကတည်းက ပါရှားကလာတာပါ။
ဘင်္ဂါလီမွတ်ဆလင်တွေက ဘင်္ဂလားဒေ့ရှ် ဒေသတွေကို ပြန်ပြောင်းနေထိုင်ကြပြီး
အဲဒီအချိန် အဲဒီဒေသက အိန္ဒိယနိုင်ငံရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပြီးတော့
အရှေ့ဘင်္ဂလားလို့ခေါ်တယ်။ ဒါကြောင့် ဘင်္ဂလားဘင်္ဂါလီလို့ ခေါ်တယ်။ သူတို့တွေက
အဲဒီ က လာတာပါ။
ဒါပေမဲ့
လက်ရှိမြန်မာနိုင်ငံမှာရှိနေတဲ့ ဘင်္ဂါလီမွတ်ဆလင်အများစုက အာဏာပိုင်တွေကို သူတို့ဟာ
ကမန်မွတ်ဆလင်တွေ အမှန်တကယ်ဖြစ်ကြောင်း ဒါမှမဟုတ် လက်ခံယုံကြည်ဖို့
ကြိုးစားနေကြတယ်။ သူတို့ဟာ ကမန်မွတ်ဆလင်တွေ မဟုတ်ကြပါဘူး၊ ဘာလို့လဲဆိုတော့
ခင်ဗျားတို့သိတဲ့ လွတ်လပ်တဲ့ ကမန်မွတ်ဆလင်တွေက ဘင်္ဂါလီမွတ်ဆလင်တွေထက်
အများကြီးပိုရှင်သန်နိုင်လို့ပါ။ အဓိကအချက် ကတော့ ဘင်္ဂါလီမွတ်ဆလင်တွေဟာ ပြဿနာရှာတတ်တဲ့
လူတွေဖြစ်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် ဆူပူမှုတွေ၊ ပြဿနာတွေဖန်တီးပြီး
လှုပ်ရှားနေကြတယ်။ ကြည့်ကြည့်ရအောင်။ အာရကန်လို့ ဘာသာ ပြန်ရင် ဒါမှမဟုတ်
အာရကန်လို့ခေါ်တဲ့ နယ်ပယ်ရဲ့ ရှေးနာမည်ဟောင်းက မြေပေါ်မှာ အပျက်အစီးတွေ၊ ဗုဒ္ဓဘာသာ
အပျက်အစီးတွေနဲ့ ကမ္ဘာပေါ်မှာ အကြီးဆုံး ဗုဒ္ဓဘာသာမြို့တွေထဲက တစ်ခုဖြစ်တဲ့
မြောက်ဦးမြို့ရဲ့ ဧရာမအပျက်အစီးတွေနဲ့ ပြည့်နှက်နေပြီး တခြားဘယ်နေရာကိုသွားသွား
အတိတ်က ရုပ်တုတွေ၊ စေတီပုထိုးတွေကို တွေ့နေရတာပါပဲ။
ဒါပေမဲ့
အဲဒီနားတစ်ဝိုက်မှာ မွတ်ဆလင်တွေရဲ့ အပျက်အစီးတွေ လုံးဝမရှိပါဘူး။ ရှေးဟောင်းသုတေသန
အထောက်အထားတွေ မရှိပါဘူး။ အနည်းငယ်တော့ရှိပါတယ်။ ဟုတ်ပါတယ်။ အဲဒီဒေသမှာ
မွတ်ဆလင်လူနည်းစုတွေ ရှေးယခင်ကတည်းက ရှိခဲ့ဖူးတယ်လို့ ကျွန်တော်တို့ ဝန်ခံချင် ပါတယ်။
မွတ်ဆလင်လူနည်းစုပဲရှိတယ်။ တရုတ်လူနည်းစု၊ အင်ဒိုနီးရှား ဒါမှမဟုတ် ဆူမားတြား
လူနည်းစု၊ ကမ္ဘောဒီးယားလူနည်းစုတွေလည်း ရှိခဲ့ပါတယ်။ အဲဒီမှာ ခရစ်ယာန်လူနည်းစု
စသဖြင့်ပေါ့ ရှိတယ်။ သမိုင်းကြောင်းအရ မွတ်ဆလင်မရှိဘူးလို့ မပြောလိုပါဘူး၊ အဲဒီမှာ
မွတ်ဆလင်တွေရှိပေမဲ့ လူနည်းစုက အလွန်နည် ပါတယ်။ အဲဒီမှာ လူရာပေါင်းများစွာကိုလည်း ရုပ်ရှင်နဲ့
အင်တာဗျူးလုပ်ခဲ့ပြီး ကျွန်တော့်ရဲ့ စာတန်းထိုးထားတဲ့ အင်တာဗျူးတွေက
အလွန်ကောင်းပါတယ်။
အဲဒီမှာ
ဗုဒ္ဓဘာသာဝင်တွေကို အင်တာဗျူးခဲ့တယ်၊ မွတ်ဆလင်တွေကိုလည်း အင်တာဗျူးဖို့
ဆုံးဖြတ်ခဲ့ပြီး ဟိန္ဒူ၊ မြို၊ သက်၊ ဒိုင်းနက်၊ ခမီ စတဲ့
လူနည်းစုတိုင်းရင်းသားတွေကို အင်တာဗျူးခဲ့ပါ တယ်။ ကျွန်တော်ပြောခဲ့သလိုပါပဲ၊
မွတ်ဆလင်တွေကို အင်တာဗျူးခဲ့ပြီး ကျွန်တော်အင်တာဗျူးခဲ့တဲ့ မွတ်ဆလင်အများစုဟာ
တကယ်တော့ ဘင်္ဂါလီတွေရဲ့ ပုန်ကန်မှုအတွက် ထောက်ခံမှုမရှိပါဘူး။ ဒုတိယ
ကမ္ဘာစစ်ကာလတွေ၊ ၁၉၄၂ ခုနှစ်ကနေ ၁၉၅၀ ပြည့်နှစ်လောက်အထိ ဖြစ်ပွားခဲ့တဲ့ အစုလိုက်
အပြုံလိုက် သတ်ဖြတ်မှုတွေနဲ့ ဆူပူအုံကြွမှုတွေကို မှတ်မိနေတဲ့
သက်ကြီးရွယ်အိုတွေနဲ့ အထူး အင်တာဗျူး တွေ လုပ်ခဲ့ပါတယ်။
အဲဒီအကြောင်းတွေနဲ့ပတ်သက်ပြီး
ကျွန်တော် အင်တာဗျူးစုစုပေါင်း တစ်ဒါဇင်လောက် လုပ်ခဲ့ပါ တယ်။ အဲဒီအင်တာဗျူးတွေကို
ဖတ်ရတာ ၁၉၄၀ ပြည့်လွန်နှစ်များအတွင်း ဒီလူတွေဘယ်လိုအခြေ အနေတွေကို
ကြုံတွေ့ခဲ့ရတယ်ဆိုတာကို နားလည်ဖို့ အလွန်အသုံးဝင်ပြီး ထင်ရှားစေပါတယ်။
No comments