မင်းတုန်းမြို့ စည်ပင်သာယာဈေးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်

 



မင်းတုန်း ဖေဖော်ဝါရီ ၄

မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့ စည်ပင်သာယာဈေးတွင် ဖေဖော်ဝါရီ ၂ ရက် နံနက် ၉ နာရီက မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ကြသည်။

ရှင်းလင်းပြောကြား

ထိုသို့ လေ့ကျင့်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဟန်ဇာကျော်မှ မီးဘေးအန္တရာယ် ကာကွယ်ရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး မီးသတ်တပ်ဖွဲ့ဝင်များက ဈေးသူဈေးသားများအား မီးသတ်ဆေးဘူးဖြင့် လက်တွေ့မီးငြှိမ်းသတ်စေခြင်းနှင့် မီးသတ်ယာဉ်များဖြင့် မီးငြှိမ်းသတ်နည်းများ ဇာတ်တိုက်လေ့ကျင့် ပြသခဲ့ကြောင်း သိရသည်။

ချင်းကလေး(NRDC)

No comments

Powered by Blogger.