ချောင်းဆုံမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ မတည်ထောက်ပံ့ငွေ ပေးအပ်ပွဲအခမ်းအနား ကျင်းပ
ချောင်းဆုံ ဖေဖော်ဝါရီ ၈
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်အတွင်းရှိ အထွေထွေစီးပွားရေး သမဝါယမအသင်းများသို့ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ နိုင်ငံ့စီးပွား ထောက်ပံ့ငွေများ ပေးအပ်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၅ ရက်က မြို့နယ်သမဝါယမဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေး မတည်ရန်ပုံငွေစီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးဇော်နိုင်ဝင်းက အမှာစကားပြောကြားပြီး ကရင်ဝင်းစိန် မွေးမြူရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းရှိ တစ်နိုင်တစ်ပိုင် နွားမွေးမြူသည့် အသင်းသား ၂၁ ဦးအား နိုင်ငံ့စီးပွား ထောက်ပံ့ငွေကျပ် ၁၅၄ သိန်းကျော်ကို တာဝန်ရှိသူများက ပေးအပ်ရာ ကရင်ဝင်းစိန် သမဝါယမအသင်းဥက္ကဋ္ဌ ဦးစောစံထူးကျော်က လက်ခံရယူခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)

No comments