ချောက်မြို့၌ မြို့နယ်သံဃနာယကအဖွဲ့ ကျောင်းတော်ကြီးဆောက်လုပ်နိုင်ရန် ရတနာပန္နက်တော်စိုက်ထူခြင်း မင်္ဂလာအခမ်းအနား ကျင်းပ

 



ချောက် ဖေဖော်ဝါရီ ၈

မကွေးတိုင်းဒေသကြီး ချောက်မြို့တွင် မြို့နယ်သံဃ နာယကအဖွဲ့ ကျောင်းတော်ကြီး ဆောက်လုပ်နိုင်ရန် ရတနာပန္နက် တော်စိုက်ထူခြင်း မင်္ဂလာအခမ်း အနားကို ယမန်နေ့က ချောက် - မကွေးသွား ကားလမ်းမဘေး၊ သတိပဋ္ဌာန်ကျောင်းအနီး မြို့နယ် သံဃနာယကအဖွဲ့ကျောင်းတော်ကြီး အဆောက်အအုံဆောက်လုပ်မည့်နေရာ၌ ကျင်းပသည်။

အခမ်းအနားတွင် ဆရာတော်များက အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ကြပြီး မြို့နယ် သံဃနာယကအဖွဲ့ ကျောင်းတော်ကြီး ဆောက်လုပ်ရေး ကြီးကြပ်ရေး တာဝန်ခံ ဆရာတော် ဦးသေဠိလ က ကျောင်းတော်ကြီး ဆောက်လုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်း မိန့်ကြားသည်။

ဆက်လက်၍ မြို့နယ်သာသနာ ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဝင်းဗိုလ်က အလှူခံရရှိငွေ၊ သုံးစွဲ ကုန်ကျငွေစာရင်းနှင့် လက်ကျန် ငွေစာရင်းချုပ်ကို ရှင်းလင်း လျှောက်ထားခဲ့ပြီး တာဝန်ရှိသူ များက ဆရာတော်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ် လှူဒါန်းကြသည်။

ထို့နောက် မြို့နယ်သံဃနာယက အဖွဲ့ ဥက္ကဋ္ဌ ဆရာတော်ဦးဆောင်၍ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ် ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက မင်္ဂလာအချိန်တွင် ရတနာပန္နက် တော်တင်ခြင်းနှင့် အမွှေးနံ့သာ ရည်ပက်ဖျန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။                  

ကျော်မိုး(ပြန်/ဆက်)



No comments

Powered by Blogger.