ကာကွယ်ဆေးထိုးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

 



နေပြည်တော် ဖေဖော်ဝါရီ ၈


ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်းဌာနခွဲသည် ကာကွယ်ဆေးထိုး လုပ်ငန်းများဆောင်ရွက်နိုင်ရေး မြန်မာနိုင်ငံ ကြက်ခြေနီအသင်း(MRCS)နှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ ၅ ရက်က ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် သင်္ဂဟဟိုတယ်၌ ကျင်းပသည်။


အခမ်းအနားတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ကံကောင်းက အမှာစကား ပြောကြားပြီး တက်ရောက်လာသူများက အထွေထွေဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့သည်။


အဆိုပါအစည်းအဝေးသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်းဌာနခွဲမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကြက်ခြေနီ အသင်း ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ WHO၊ UNICEF အဖွဲ့မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြကြောင်း သိရသည်။


ငွေကြယ်

No comments

Powered by Blogger.