ဇန်နဝါရီလအတွင်း နီပေါနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသည် လာရောက်လည်ပတ်မှု ၁၅ ဒသမ ၇ ရာခိုင်နှုန်း တိုးလာ
ခတ္တမန္ဒူ ဖေဖော်ဝါရီ
၁
ယခုနှစ် ပထမတစ်လအတွင်း နီပေါနိုင်ငံသို့
နိုင်ငံခြားခရီးသွားလာရောက်လည်ပတ်မှု အရေအတွက်မှာ သိသိသာသာတိုးလာကြောင်း အဓိကအားဖြင့်
အိန္ဒိယနှင့် တရုတ်နိုင်ငံတို့မှ လာရောက်လည်ပတ်သူ များပြားလာမှု ခရီးသွားလုပ်ငန်းဘုတ်အဖွဲ့က
ဖေဖော်ဝါရီ ၁ ရက်တွင် ပြောကြားသည်။ ဇန်နဝါရီလ အတွင်း နီပေါနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသည်
စုစုပေါင်း ၉၂၅၇၃ ဦး လာရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အရေအတွက်မှာ ယမန်နှစ်
အလားတူကာလက လာရောက်လည်ပတ်သူ ၇၉၉၉၁ ဦးရှိရာမှ ၁၅ ဒသမ ၇ ရာခိုင်နှုန်း တိုးလာကြောင်း
သိရသည်။
၂၀၂၆ ခုနှစ် ဇန်နဝါရီလသည်
နိုင်ငံတကာခရီးသွားလုပ်ငန်းအတွက် မျှော်လင့်ချက်အစတစ်ခု ဖြစ်ကြောင်း ဘုတ်အဖွဲ့က ထုတ်ပြန်ထားသည်။
နီပေါနိုင်ငံသို့ ယခုနှစ် ဇန်နဝါရီလအတွင်း လာရောက်မှု
ကမ္ဘာလှည့်ခရီးသည်အရေအတွက်မှာ ၂၀၁၉ ခုနှစ် ဇန်နဝါရီလအတွင်း ကိုဗစ်-၁၉ ရောဂါမတိုင်မီ
လာရောက်သည့် ကမ္ဘာလှည့်ခရီးသည် ၈၁၂၇၃ ဦထက်ပိုများကြောင်း သိရသည်။
အိန္ဒိယ၊ တရုတ်နှင့် အမေရိကန်နိုင်ငံတို့သည်
နီပေါနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသည်လာရောက် မှုအတွက် ထိပ်တန်းသုံးနိုင်ငံအဖြစ် တည်ရှိကြောင်း
သိရသည်။
ဆင်ဟွာ

No comments