အီသီယိုးပီးယားနိုင်ငံ၌ တစ်ခါသုံးပလတ်စတစ်အိတ်များ အသုံးပြုမှု တရားဝင်တားမြစ်ပိတ်ပင်
အဒစ္စအဘာဘာ ဖေဖော်ဝါရီ
၁
အီသီယိုးပီးယားအစိုးရသည်
ဖေဖော်ဝါရီ ၁ ရက်မှစတင်ကာ တစ်ခါသုံးပလတ်စတစ်အိတ်များ အသုံးပြုမှုကို တရားဝင်တားမြစ်ပိတ်ပင်လိုက်ပြီဖြစ်ကြောင်း
ဆင်ဟွာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ဖေဖော်ဝါရီ ၁ ရက်မှ စတင်ကာ
တစ်ခါသုံးပလတ်စတစ်အိတ်များကို ထုတ်လုပ်ခြင်း၊ ရောင်းချ ခြင်းနှင့် အသုံးပြုခြင်းများကို
တင်းကျပ်စွာတားမြစ်ပိတ်ပင်လိုက်ပြီဖြစ်ကြောင်း အီသီယိုးပီးယား ပတ်ဝန်းကျင်ထိန်းသိမ်းရေးအာဏာပိုင်အဖွဲ့
ညွှန်ကြားရေးမှူးချုပ်
လဲလီဆာနေးမေးက ထုတ်ပြန် ကြေညာထားသည်။ တစ်ခါသုံး ပလတ်စတစ်အိတ်များသည် လူသားများ၏ ကျန်းမာရေးကို
ခြိမ်းခြောက်ခြင်း၊ ကလေးငယ်များကို အန္တရာယ်ဖြစ်စေခြင်း၊ မြေဆီလွှာနှင့် ရေအရင်းအမြစ်များကို
ဆိုးရွားပြင်းထန်စွာ ထိခိုက်ပျက်စီးစေခြင်းတို့ဖြစ်စေကြောင်း ၎င်းက အလေးပေးပြောကြားသည်။
အီသီယိုးပီးယားနိုင်ငံသည်
ဥပဒေသစ်၏ အသေးစိတ်အချက်အလက်များအပြင် တစ်ခါသုံး ပလတ်စတစ်အိတ်အသုံးပြုခြင်း၏ ဆိုးကျိုးများနှင့်ပတ်သက်ပြီး
ပြည်သူများအား အသိပညာပေးရန် ရည်ရွယ်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူထုအသိပညာရေးလှုပ်ရှားမှုများကို
လုပ်ဆောင်လျက် ရှိသည်။
ဥပဒေသစ်အရ တစ်ခါသုံးပလတ်စတစ်အိတ်များကို
အသုံးပြုကြောင်းနှင့် ဖြန့်ဖြူးရောင်းချကြောင်း တွေ့ရှိသူတစ်ဦးတစ်ယောက်တိုင်းကို အမေရိကန်ဒေါ်လာ
၃၂ ဒေါ်လာခန့် ဒဏ်ရိုက်သွားမည်ဖြစ် သည်။
ထို့အပြင် ထုတ်လုပ်သူများ၊
တင်သွင်းသူများနှင့် ရောင်းဝယ်ဖောက်ကားသူများမှာလည်း ယင်းထက် ပိုမိုပြင်းထန်သော ပြစ်ဒဏ်များနှင့်
ရင်ဆိုင်ရမည်ဖြစ်ကြောင်း သိရသည်။
ဆင်ဟွာ

No comments