ကျိုက်လတ်မြို့မဈေးကြီး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်



ကျိုက်လတ်  ဖေဖော်ဝါရီ 


ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ပွင့်လင်းရာသီ၌ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်စေရန် ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးကြီး ပြုလုပ်ခဲ့ကြောင်း သိရသည်။


ထိုသို့ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်စေရန် ဇာတ်တိုက်လေ့ကျင့်ရာတွင် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင် များက လက်တွေ့မီးငြှိမ်းသတ်ခြင်းကို သရုပ်ပြသရာ ဈေးသူ၊ ဈေးသားများနှင့် စည်ပင်သာယာရေးဝန်ထမ်း များက ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးနိုင်လင်းက မီးလောင်မှုဖြစ်ပွားရာတွင် ပထမဦးဆုံးတွေ့ရှိသူသည် မီးသတ်သမားဖြစ်သည့်အတွက် မိမိဈေးတွင်ရှိသည့် မီးသတ်ဆေးဘူးများကို အသုံးပြု၍ မီးလောင်မှုကိုတားဆီးကာကွယ်နိုင်စေရန်၊ ဈေးရှိပစ္စည်းများဆုံးရှုံးမှုမှ ကာကွယ်ရန်အတွက် ဈေးသူ၊ ဈေးသားများအားလုံး မီးသတ်ဆေးဘူးများ၊ မီးငြှိမ်းသတ်နိုင်မည့်ပစ္စည်း များကိုအသုံးပြု၍ အရေးပေါ်မီးငြှိမ်းသတ်နိုင်သည့် နည်းလမ်းများကို သိရှိထားရမည်ဖြစ်ကြောင်း အသိပညာပေး ပြောကြားခဲ့သည်။

(မြို့နယ် ပြန်/ဆက်)

No comments

Powered by Blogger.