ပထမဆုံးအကြိမ် ငြိမ်းချမ်းရေးဘုတ်အဖွဲ့ ထိပ်သီးအစည်းအဝေး ဖေဖော်ဝါရီ ၁၉ ရက်တွင် ပြုလုပ်ရန် အိမ်ဖြူတော်စီစဉ်



ဝါရှင်တန်  ဖေဖော်ဝါရီ 

ငြိမ်းချမ်းရေးဘုတ်အဖွဲ့အတွက် ခေါင်းဆောင်များအစည်းအဝေးကို ဖေဖော်ဝါရီ  ၁၉  ရက်တွင် ပြုလုပ်သွားရန်   အိမ်ဖြူတော်က   စီစဉ်ထားသည်ဟု   အမေရိကန်မီဒီယာဖြစ်သည့် အက်ဇီယိုတွင်  ဖေဖော်ဝါရီ  ၇ ရက်က ဖော်ပြထားသည်။

အဆိုပါအစည်းအဝေးသည် ဂါဇာဒေသ ပြန်လည်တည်ဆောက်ရေးအတွက် ပထမဆုံးအကြိမ် ပြုလုပ်သည့် အစည်းအဝေးနှင့် ရန်ပုံငွေညီလာခံလည်းဖြစ်မည်ဟု အမေရိကန်အရာရှိတစ်ဦးက ပြောသည်။

အဆိုပါ   အစည်းအဝေးကို   အမေရိကန်ငြိမ်းချမ်းရေးအင်စတီကျုတွင် ပြုလုပ်ရန်စီစဉ်ထားပြီး  အမေရိကန်သမ္မတ  ဒေါ်နယ်ထရမ့် အစိုးရအဖွဲ့သည် ဖေဖော်ဝါရီ ၆ ရက်ကတည်းက ခေါင်းဆောင် များ တက်ရောက်ရန်အတွက် နိုင်ငံအတော်များများကို ဖိတ်ကြားခဲ့သည်ဟု အက်ဇီယိုတွင် ဖော်ပြထားသည်။

ထိပ်သီးအစည်းအဝေးအတွက် အစီအစဉ်များမှာ ကနဦးအဆင့်တွင်သာရှိသေးပြီး ပြောင်းလဲနိုင်သေး သည်ဟု    အက်ဇီယိုတွင် ဖော်ပြထားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ အိမ်ဖြူတော်ကလည်း  မှတ်ချက်မပေးခဲ့ချေ။  အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ဇန်နဝါရီ  ၂၂ ရက်က  ဆွစ်ဇာလန်နိုင်ငံ  ဒါဗို့စ်မြို့၌  ကျင်းပသည့် ကမ္ဘာ့စီးပွား ရေးဖိုရမ်၌   ငြိမ်းချမ်းရေးဘုတ်အဖွဲ့ကို စတင်ခဲ့သည်။                    

ဆင်ဟွာ

No comments

Powered by Blogger.