စကော့တလန်ကလပ် ဆဲလ်တစ်အသင်းသို့ ချိန်ဘာလိန် ပြောင်းရွှေ့
အဲလက်စ်အောက်စ်လိတ်ချိန်ဘာလိန်သည်
စကော့တလန်ကလပ် ဆဲလ်တစ်အသင်းသို့ ပြောင်းရွှေ့ သွားပြီဖြစ်သည်။ အာဆင်နယ်နှင့်
လီဗာပူး ကွင်းလယ်ကစားသမားဟောင်း ချိန်ဘာလိန်သည်
ဩဂုတ်လတွင် တူကီယဲကလပ် ဘီဆစ်တပ်စ်အသင်းမှ ထွက် ခွာပြီးနောက် အသင်းလက်မဲ့နေသူ ဖြစ်သည်။
ဆဲလ်တစ်အသင်းသည် စကော့တလန်လိဂ်တွင် ၂၄ ပွဲ ကစားပြီး ၄၈ မှတ် စုဆောင်း ရရှိထားသည်။
မိုးဇက်

No comments