ရေတာရှည်မြို့နယ် စည်ပင်သာယာစျေး၌ ကျန်းမာရေးအသိပညာပေး ကွင်းဆင်းဆောင်ရွက်
ရေတာရှည် ဖေဖော်ဝါရီ ၂၂
ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်
စည်ပင်သာယာစျေး အတွင်း၌ မကူးစက်တတ်သောရောဂါနှင့် အိုင်အိုဒင်းဓာတ်ချို့တဲ့ ရောဂါအကြောင်း
ကျန်းမာရေးအသိပညာပေး ဆွေးနွေးခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့
ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနန္ဒာညီဆွေက မကူးစက်တတ်သောရောဂါများဖြစ်သည့် သွေးတိုးရောဂါ၊
ဆီးချို သွေးချိုရောဂါ၊ နာတာရှည်အဆုတ်လေပြွန်ရောင်ရောဂါ၊ ကင်ဆာရောဂါများနှင့် အိုင်အိုဒင်းဓာတ်ချို့တဲ့ရောဂါ
အကြောင်း ကျန်းမာရေးအသိပညာပေးဆွေးနွေးပြီး တက်ရောက်လာသူများကို ဆီးချို သွေးချိုရောဂါ၊
သွေးတိုးရောဂါ စစ်ဆေးပေးခြင်း၊ အထွေထွကျန်းမာရေးကြည့်ရှုကုသပေးခြင်းနှင့် အိမ်သုံးဆားရောင်းချနေသည့်
ဆိုင်များမှ ဆားနမူနာရယူ၍ အိုင်အိုဒင်းဓာတ်ပါဝင်မှု အခြေအနေစစ်ဆေးပေးခြင်း ဆောင်ရွက်ခဲ့ကြောင်း
သိရသည်။
ရေတာရှည်(ပြန်/ဆက်)

No comments