တက္ကသိုလ်ဝင်စာမေးပွဲပြုလုပ်မည့် စာစစ်ဌာနများကို မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး
ကျုံပျော် ဖေဖော်ဝါရီ ၂၂
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ်
မီးသတ်ဦးစီးဌာနက ဦးဆောင်ကာ မြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် စာစစ်ဌာနများသို့
မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခြင်းကို ဖေဖော်ဝါရီ ၂၀ ရက်က ဆောင်ရွက်ခဲ့သည်။
ထိုသို့ စစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးအရာရှိ
ဦးအောင်စိန်ဘွင့် ဦးဆောင်မှုဖြင့် သန္ဓေ/အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပညာရေးဌာနနှင့်
လျှပ်စစ်ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့များက မြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့်
စာစစ်ဌာန စာသင်ကျောင်းများသို့ သွားရောက်၍ ကျောင်းဆောင်များ၊ ဝန်ထမ်းအိမ်ရာများတွင်
မီးလောင်မှု/ မီးလန့်မှုများ မဖြစ်ပွားစေရေး လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ လျှပ်စစ်ဂရုပြုရမည့်
အချက်များနှင့် မီးဘေးကြိုတင်ကာကွယ်ရေးပစ္စည်းများ၊ ရေရရှိရေးဆောင်ရွက်ထားရှိမှုများကို
စစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)

No comments