ကြံစိုက်တောင်သူများကို သုတေသနနှင့်မျိုးပွားခြံတွင် တောင်သူနည်းပညာဖြန့်ဝေရေး သရုပ်ပြဆွေးနွေး

 


နေပြည်တော် ဖေဖော်ဝါရီ ၂၂

 

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် ဥက္ကံ၌ ကြံသီးနှံ သုတေသနနှင့် မျိုးပွားခြံတွင် တောင်သူနည်းပညာဖြန့်ဝေရေး သရုပ်ပြဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါခြံ၌ ကျင်းပသည်။

 

အဆိုပါ သရုပ်ပြဆွေးနွေးပွဲ၌ စိုက်ပျိုးရေးဦးစီးဌာနမှ ဖြန့်ဖြူးပေးထားသော မျိုးကောင်းမျိုးသန့် အထွက်ကောင်းကြံမျိုး နဝဒေး-၄(K95/84) မျိုးကို တစ်ရှူးနည်းပညာဖြင့် ဗီဇမှန်ကန်စွာ ပွားများထားသော မျိုးများကို ပြောင်းလဲစိုက်ပျိုးခြင်းဖြင့် ပန်းတိုင်အထွက်နှုန်းရရှိစေရန် သကြားထွက်ဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ဦးဆန်းထွန်းဝင်းနှင့် ကြံသီးနှံမျိုးပွားခြံ ဦးစီးမှူး ဦးမောင်မောင်လွင်တို့က လက်တွေ့ပြသဆွေးနွေးခဲ့သည်။

 

ဥက္ကံဒေသမှ အကျိုးဆောင် ကြံစိုက်တောင်သူတို့သည် ဌာနမှ မျိုးများကို စိုက်ပျိုးခဲ့ရာ ပန်းတိုင်အထွက် တန် ၃၀ ရရှိကြသည့်အတွက် အခြားသော လုပ်ကွက်ငယ်တောင်သူများကိုလည်း မျိုးကောင်းမျိုးသန့်များ ပြောင်းလဲစိုက်ပျိုးနိုင်ရေး သရုပ်ပြဆွေးနွေးကြပြီး တောင်သူ ဦးလှမြင့်နှင့် ကြံစိုက်တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

No comments

Powered by Blogger.