လွိုင်ကော်မြို့နယ် လွယ်တမူ-ဖားတီမာ ကျေးရွာချင်းဆက်ကျောက်လမ်းအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး
လွိုင်ကော် ဖေဖော်ဝါရီ ၂၇
နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်
တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေကျပ်
၃၁၂ ဒသမ ၇၅၀ သန်းဖြင့် ဆောင်ရွက်ခဲ့သည့် လွိုင်ကော်မြို့ နွားလဝိုးကျေးရွာအုပ်စု လွယ်တမူ-ဖားတီမာ
ကျေးရွာချင်းဆက်ကျောက်လမ်း ၁/၅.၅ မိုင် အနက် ၀/၆ မိုင်အား ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို
သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း
သိရသည်။
ရာသီမရွေးအသုံးပြုနိုင်မည်
အဆိုပါ ကွန်ကရစ်လမ်းသည် လွိုင်ကော်မြို့နယ်
နွားလဝိုးကျေးရွာအုပ်စုနှင့် ချိကယ်ကျေးရွာအုပ်စုတို့ရှိ လွယ်တမူ၊ ဖားတီမာ၊ ဒေါမူကလား၊
ပဒါးညေး၊ ၃ မိုင်ပကြဲ စသည့် ကျေးရွာများမှ လူဦးရေ ၃၀၀၀ ကျော်အပြင် လမ်းအသုံးပြုသူများအနေဖြင့်
လမ်းပန်းဆက်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေး၊ ပညာရေး၊ ကျန်းမာရေးစသည့်ကဏ္ဍများအတွက် ရာသီမရွေး
အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
မေစု(ပြန်/ဆက်)

No comments