မကွေးမြို့၌ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြေစိုက်ပိုစတာစိုက်ထူ

 



မကွေး ဖေဖော်ဝါရီ ၄

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မကွေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ဦးဆောင်၍ ၂၀၂၆ ခုနှစ် (၇၉)  နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြေစိုက်ပိုစတာစိုက်ထူခြင်းကို ယမန်နေ့ နံနက်ပိုင်းက မ‌ကွေးမြို့ ဗိုလ်ချုပ်ပန်းခြံအ‌ရှေ့ဘက်  ဗိုလ်ချုပ်လမ်းမကြီး‌ပေါ်၌ စိုက်ထူသည်။

အဆိုပါ ၂၀၂၆ ခုနှစ် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြေစိုက်ပိုစတာတွင် ပြည်ထောင်စုနေ့အမျိုးသားရေး ဦးတည်ချက်များ၊ ပြည်ထောင်စုအဆောက်အအုံများ၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ၊ ပြည်ထောင်စုအထိမ်းအမှတ် ကျောက်တိုင်တို့ ပါရှိသော ပိုစတာအား ပြည်သူများ  ကျယ်ကျယ်ပြန့်ပြန့် လေ့လာသိရှိစေရန် စိုက်ထူပေးခဲ့ကြကြောင်း သိရသည်။  

မောင်ခိုင်မင်း (ပြန်/ဆက်)

No comments

Powered by Blogger.