(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပန်းတောင်းမြို့နယ် ရေဝင်(ရွာကလေး) ကျေးရွာကွန်ကရစ်လမ်းသစ် ဖွင့်လှစ်
ပန်းတောင်း ဖေဖော်ဝါရီ ၄
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နတ်မောက်ကျေးရွာအုပ်စု ရေဝင် (ရွာကလေး)ကျေးရွာ ကွန်ကရစ် လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၃ ရက်တွင် ကျင်းပ သည်။
အခမ်းအနားတွင် ပြည်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးတင်ကျော်ဝင်း၊ ပြည်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခိုင်ရွှေဝါ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူရ နှင့် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူး ဒေါ်မေနှင်းဦးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
အဆိုပါ ရေဝင်(ရွာကလေး)ကျေးရွာ ကွန်ကရစ်လမ်းသစ် အား ၂ဝ၂၅ -၂ဝ၂၆ ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း ထောက်ပံ့ငွေကျပ် ၁၅ သန်းနှင့် ကျေးရွာ ပြည်သူပစ္စည်း/လုပ်အား ထည့်ဝင်ငွေကျပ် ၃၆ ဒသမ ၄၀ သန်း စုစုပေါင်းငွေကျပ် ၅၁ ဒသမ ၄၀ သန်းဖြင့် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်မြင့် (ပန်းတောင်း)

No comments