ကွန်ဂိုနိုင်ငံအရှေ့ပိုင်းတွင် အပစ်အခတ်ရပ်စဲရန် အင်ဂိုလာသမ္မတနှင့် အာဖရိကသမဂ္ဂ ဥက္ကဋ္ဌ တောင်းဆို



လုအန်ဒါ  ဖေဖော်ဝါရီ  ၁၀

အင်ဂိုလာသမ္မတနှင့်    အာဖရိကသမဂ္ဂ(AU)ဥက္ကဋ္ဌ Joao Lourenco သည်  ဖေဖော်ဝါရီ    ရက်တွင် လုအန်ဒါမြို့၌  အာဖရိကခေါင်းဆောင်အများအပြားနှင့် တွေ့ဆုံခဲ့ပြီး  ကွန်ဂိုဒီမိုကရက်တစ်သမ္မတ နိုင်ငံအရှေ့ပိုင်းတွင် အပစ်အခတ်ရပ်စဲရန် တောင်းဆိုခဲ့သည်။

Lourenco  သည်  ကွန်ဂိုဒီမို ကရက်တစ်သမ္မတနိုင်ငံ သမ္မတ Felix Tshisekedi၊ Togo ဝန်ကြီး များကောင်စီဥက္ကဋ္ဌနှင့်  AU ကြား ဝင်စေ့စပ်ညှိနှိုင်းသူ Faure Esso-zimna Gnassingbe တို့နှင့် သာမက     ယခင်နိုင်ဂျီးရီးယား သမ္မတဟောင်း   Olusegun   Obasanjo    တို့နှင့်  တွေ့ဆုံဆွေးနွေး ခဲ့သည်။

တွေ့ဆုံဆွေးနွေးပွဲတွင် ဒေသတွင်း လုံခြုံရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆွေးနွေးခဲ့သည်။

အစည်းအဝေးပြီးနောက် ထုတ်ပြန်ကြေညာလိုက်သော ကြေညာချက်တွင်    ခေါင်းဆောင်များက အပစ်အခတ်ရပ်စဲရေးကို အကောင်အထည်ဖော်ရန် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံမှ လက်နက် ကိုင်အဖွဲ့အားလုံးကို    တောင်းဆိုခဲ့သည်။ အပစ်အခတ်ရပ်စဲရေး၏ တိကျသောအချိန်နှင့် ပုံစံများကို သက်ဆိုင်ရာ ပါတီများအကြား ညှိနှိုင်းဆွေးနွေးခြင်းဖြင့် ဆုံးဖြတ်မည်ဖြစ်ကြောင်းလည်း မှတ်ချက် ပြုပြောကြားခဲ့သည်။

၂၀၂၅ ခုနှစ် အောက်တိုဘာလတွင်   ဒိုဟာမြို့၌   သဘောတူညီထားသည့်  အပစ်အခတ်ရပ်စဲရေး စောင့်ကြည့်ရေးနှင့် စိစစ်အတည်ပြုရေး  ယန္တရားအား အရှိန်မြှင့်ဆောင်ရွက်သွားရန်လည်း ကြေညာ ချက်တွင်  တိုက်တွန်းထားသည်။                         

ဆင်ဟွာ

No comments

Powered by Blogger.