အိန္ဒိယဝန်ကြီးချုပ် မိုဒီ အစ္စရေးသို့ နိုင်ငံတော်ခရီးစဉ်သွားရောက်၊ နှစ်နိုင်ငံဆက်ဆံရေးမြှင့်တင်ရန် ကြိုးစား



နယူးဒေလီ   ဖေဖော်ဝါရီ   ၂၆

အိန္ဒိယဝန်ကြီးချုပ် နာရိန္ဒြာမိုဒီသည် အစ္စရေးသို့  နှစ်ရက်ကြာ  နိုင်ငံတော်ခရီးစဉ် သွားရောက် ခဲ့သည်။ မိုဒီသည် နှစ်နိုင်ငံကြား လုံခြုံရေးနှင့် အခြားနယ်ပယ်ကဏ္ဍများတွင်  ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် စိတ်အားထက်သန်လျက်ရှိသည်။

အိန္ဒိယဝန်ကြီးချုပ်သည် ဖေဖော်ဝါရီ ၂၅ ရက်တွင် အစ္စရေးပါလီမန်၌ ပထမဆုံး မိန့်ခွန်းပြောကြား ခဲ့သည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလတွင်  အစ္စရေးကို ဟားမားစ်တို့ တိုက်ခိုက်မှုအတွင်း   သေဆုံးသွားသူ များအတွက် ဝမ်းနည်းကြောင်း မိုဒီက ဖော်ပြခဲ့သည်။

သင်တို့၏နာကျင်မှုကို  ခံစားရပါကြောင်း၊ သင်တို့၏ ဝမ်းနည်းပူဆွေးမှုများကို   အတူတကွမျှဝေ နားလည်ပါကြောင်း၊ အခုအချိန်မှသည် အနာဂတ်အချိန်ထိတိုင်အောင် အိန္ဒိယသည် အစ္စရေးနှင့် အတူ ယုံကြည်ချက်အပြည့်ဖြင့်    အခိုင်အမာရပ်တည်လျက်ရှိကြောင်း မိုဒီက ပြောကြားခဲ့သည်။

အားလုံးအတွက် တရားမျှတပြီး ရေရှည်ငြိမ်းချမ်းရေးအဖြစ် မကြာခဏပြောပြောနေသည့် အမေရိကန် ကြားဝင်စေ့စပ်ပေးသည့် ဂါဇာငြိမ်းချမ်းရေးအစီအစဉ်ကို ထောက်ခံပါကြောင်းလည်း မိုဒီက  ဆက်လက်ပြောကြားသည်။

ယခုအကြိမ်သည် မိုဒီ အစ္စရေးနိုင်ငံသို့ နိုင်ငံတော် ခရီးစဉ်သွားရောက်သည့် ဒုတိယအကြိမ်ဖြစ်သည်။ ၂၀၁၇ ခုနှစ် ပထမဆုံး အိန္ဒိယဝန်ကြီးချုပ်ဖြစ်ချိန်ကလည်း မိုဒီသည် အစ္စရေးနိုင်ငံသို့ နိုင်ငံတော် ခရီးစဉ်သွားရောက်ခဲ့သည်။                   

အင်န်အိတ်ချ်ကေ

No comments

Powered by Blogger.