ငလျင်ဒဏ်ကြောင့် အာဖဂန်ကလေးငယ် ၂၅၀၀၀ ခန့် ယာယီတဲများတွင် ခိုလှုံနေရ



ကဘူးလ်  ဖေဖော်ဝါရီ    ၂၆

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း ကူနာပြည်နယ်ရှိ ကလေးငယ်ပေါင်း ၂၅၀၀၀ ခန့်သည် ဒေသတွင်း ကို ပျက်စီးစေခဲ့သော အင်အားပြင်းငလျင်ကြီး ဖြစ်ပွားပြီး ခြောက်လအကြာအထိ ယာယီတဲများတွင် သာ ဆက်လက်နေထိုင်နေရကြောင်း နိုင်ငံတကာကူညီ ကယ်ဆယ်ရေးအဖွဲ့ဖြစ်သည့် Save the Children က ဖေဖော်ဝါရီ    ၂၆  ရက်တွင်   ထုတ်ပြန်သည်။

ဘေးသင့် မိသားစုများသည် မိုးကာတဲများအတွင်း အအေးဒဏ် ကာကွယ်ရန် ထင်းနှင့် ကျောက်မီး သွေးသုံး အပူပေးစက်များကိုသာ အားကိုးနေရသဖြင့် မီးဘေးအန္တရာယ်ရှိနေကြောင်းနှင့် တောင် ထူထပ်သောဒေသတွင်   နေအိမ်များ ပြန်လည်တည်ဆောက်ရေးမှာလည်း မစတင်နိုင်သေးဘဲ အချို့ ကျေးရွာများတွင် ပျက်စီးမှုမှာ အလွန်ကြီးမားလွန်းသဖြင့် ပြန်လည်တည်ဆောက်ရန်  လုံးဝဖြစ်နိုင် တော့မည်မဟုတ်ကြောင်း အစီရင်ခံစာတွင်    ဖော်ပြထားသည်။

ငလျင်ကြောင့် ပညာရေးအခြေခံအဆောက်အအုံများလည်း ပြင်းထန်စွာထိခိုက်ခဲ့ပြီး စာသင်ခန်း ပေါင်း၁၃၀၀ခန့်၏ ထက်ဝက်ကျော်မှာ လုံးဝ(သို့မဟုတ်)တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့ရသည်။ ငလျင်  လှုပ်မှုမဖြစ်ပွားမီကပင် သဘာဝဘေးဒဏ် အပြင်းထန်ဆုံးခံရသည့် ကူနာပြည်နယ်တွင်     မူလတန်း အရွယ်ကလေးငယ် ၅၀၀၀၀ ခန့်မှာ ကျောင်းတက်ရောက်နိုင်ခြင်းမရှိတော့ကြောင်း  အဆိုပါအဖွဲ့၏ အစီရင်ခံစာက ဆိုသည်။

ပြီးခဲ့သည့်နှစ် ဩဂုတ် ၃၁ ရက်က  အာဖဂန်နစ္စတန်အရှေ့ပိုင်းတွင် လှုပ်ခတ်ခဲ့သော   ပြင်းအား ၆  အဆင့်ရှိ   ငလျင်သည်   ကူနာပြည်နယ်တွင်   အဓိကပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်စေခဲ့ပြီး  နိုင်ငံ၏ သမိုင်းတွင်   အသေအပျောက်အများဆုံး သဘာဝဘေးအန္တရာယ်များထဲမှ  တစ်ခုအဖြစ် မှတ်တမ်း ဝင်ခဲ့သည်။                 

ဆင်ဟွာ

No comments

Powered by Blogger.