နှစ်ကျော့ပေါင်းရလဒ်ဖြင့် ရီးရဲမက်ဒရစ်က ဘင်ဖီကာကို နိုင်ပြီး ချန်ပီယံလိဂ် ၁၆ သင်းအဆင့် တက်ရောက်



ယူအီးအက်ဖ်အေ       ချန်ပီယံလိဂ်ရှုံးထွက်အဆင့် ဒုတိယအကျော့အဖြစ် ဖေဖော်ဝါရီ ၂၆ ရက် နံနက် ၂ နာရီခွဲက ဘာနေဗျူးကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သည့် နာမည်ကြီး ရီးရဲမက်ဒရစ်နှင့် ပေါ်တူဂီကလပ် ဘင်ဖီ ကာ   အသင်းပွဲစဉ်တွင်   ရီးရဲမက်ဒရစ်အသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့် နိုင်ပွဲရရှိခဲ့သည်။

ထို့ကြောင့် ရီးရဲမက်ဒရစ်အသင်းသည်  ဘင်ဖီကာ အသင်းကို နှစ်ကျော့ပေါင်းရလဒ် သုံးဂိုး-တစ်ဂိုးဖြင့် နိုင်ပွဲရရှိကာ ၁၆ သင်းအဆင့် သို့ တက်ရောက်နိုင်ခဲ့ပြီ ဖြစ်သည်။  

ရီးရဲမက်ဒရစ်အသင်းသည်  အဓိက  တိုက်စစ်ကစားသမား အမ်ဘာပေ ထိခိုက်ဒဏ်ရာကြောင့်   ပါဝင်လာနိုင်ခြင်းမရှိသော်လည်း   ဂွန်ဇာလို ဂါစီယာ၊ ဗင်နီစီးယပ်စ်တို့ကို အားပြုကာ ဘင်ဖီကာအသင်းကို ရင်ဆိုင် လာခဲ့သည်။

ပွဲချိန် ၁၄ မိနစ်တွင် ရာဖာဆေးလ်ဗားက ဘင်ဖီကာအသင်းအတွက် ဦးဆောင်ဂိုး    သွင်းယူပေးခဲ့သည်။   ဦးဆောင်ဂိုးခွင့်ပြုပေးလိုက်ရပြီး နှစ်မိနစ်အကြာ ပွဲချိန်  ၁၆  မိနစ်တွင်  ချူအာမန်နီက  ရီးရဲမက်ဒရစ်အသင်း အတွက် ချေပဂိုးသွင်းယူပေးနိုင်ခဲ့သည့်အတွက် ပထမပိုင်းတွင် တစ်ဖက် တစ်ဂိုးစီ သရေကျနေခဲ့သည်။

ဘင်ဖီကာအသင်း၏ တုံ့ပြန်တိုက်စစ်ဆင်မှုများမှာ ထိရောက်မှုသာ ရှိခဲ့ပြီး  သွင်းဂိုးများအဖြစ်  ပြောင်းလဲနိုင်ခြင်း မရှိခဲ့ပေ။ ရီးရဲမက်ဒရစ် အသင်းအတွက် အနိုင်သေချာစေမည့် ဒုတိယဂိုးကို ပွဲချိန် မိနစ် ၈၀ တွင်  ဗင်နီစီးယပ်စ်က သွင်းယူပေးခဲ့သည်။  ထို့နောက် နှစ်သင်းစလုံး လူစားပြောင်းလဲမှုများပြုလုပ်ကာ သွင်းဂိုးရရှိရေး ကြိုးပမ်းလာသော် လည်း ပွဲချိန်ပြည့်သည်အထိ  တစ်ဖက်နှင့်တစ်ဖက် ထပ်မံဂိုးသွင်းယူ နိုင်ခြင်း မရှိသည့်အတွက် ရီးရဲမက်ဒရစ်အသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့် နိုင်ပွဲရရှိခဲ့ခြင်းဖြစ်သည်။

အခြားပွဲစဉ်ရလဒ်များတွင် အတ္တလန္တာက ဒေါ့မွန်ကို လေးဂိုး-တစ်ဂိုး၊ ဂျူဗင်တပ်စ်က ဂါလာတာစရေးကို သုံးဂိုး-နှစ်ဂိုးဖြင့် နိုင်ပွဲရရှိ ခဲ့ပြီး ပီအက်စ်ဂျီနှင့် မိုနာကိုအသင်းပွဲစဉ်တွင် တစ်ဖက်နှစ်ဂိုးစီ သရေကျ ခဲ့သည်။    ချန်ပီယံလိဂ်ရှုံးထွက်အဆင့်    ဒုတိယအကျော့ပွဲစဉ်များမှ ဖေဖော်ဝါရီ ၂၆ ရက် နံနက်ပိုင်း  ယှဉ်ပြိုင်ကစားပြီးသည့် ပွဲစဉ်များတွင် ရီးရဲမက်ဒရစ်အသင်းနှင့်အတူ နှစ်ကျော့ပေါင်းရလဒ်ဖြင့် အတ္တလန္တာ၊ ဂါလာတာစာရေးနှင့် ပီအက်စ်ဂျီအသင်းတို့ နောက်တစ်ဆင့် တက်လှမ်း နိုင်ခဲ့သည်။                                                 

အောင်ဇော်

No comments

Powered by Blogger.