မလေးရှားနိုင်ငံအခြေစိုက် ဘလော့ချိန်းကုမ္ပဏီတွင် ကမ္ဘာ့ဘဏ်က ဒေါ်လာ သန်း ၄၀ ရင်းနှီးမြှုပ်နှံ



ကွာလာလမ်ပူ   ဖေဖော်ဝါရီ   ၂၆

ကမ္ဘာ့ဘဏ်အုပ်စု၏လက်အောက်ခံ   အပြည်ပြည်ဆိုင်ရာဘဏ္ဍာရေး ကော်ပိုရေးရှင်း (အိုင်အက်ဖ်စီ)မှတစ်ဆင့်   မလေးရှားအခြေစိုက် ဘလော့ချိန်းကုမ္ပဏီဖြစ်သည့်   ဇီးထရစ်ဇ်အေအိုင်ဘာဟက်ဒ်တွင်   အစုရှယ်ယာတန်ဖိုး ရင်းဂစ်   ၁၅၅   ဒသမ    သန်း (အမေရိကန်ဒေါ်လာ သန်း ၄၀) ရင်းနှီးမြှုပ်နှံမှုပြုလုပ်ကြောင်း ကြေညာလိုက်သည်။

အဆိုပါအဖွဲ့အစည်းနှစ်ခုက ဖေဖော်ဝါရီ ၂၅ ရက် က ထုတ်ပြန် သည့် ကြေညာချက်တွင် အဆိုပါရင်းနှီးမြှုပ်နှံမှုသည် မလေးရှားနှင့်    အာဆီယံဒေသတစ်ခုလုံးတွင် ဒစ်ဂျစ်တယ်ကဏ္ဍ၌  အားလုံးပါဝင်နိုင်မှု၊ ဝန်ဆောင်မှုများကို ရယူနိုင်မှုနှင့် စီးပွားရေးဆိုင်ရာ ထိရောက်မှုများကို မြှင့်တင်ရန်ရည်ရွယ်သည့် ဘလော့ချိန်းအခြေပြု ဒစ်ဂျစ်တယ်အခြေခံ အဆောက်အအုံ(ဒီပီအိုင်) အက်ပလီကေးရှင်းသစ်များနှင့် ဉာဏ်ရည်တု နည်းပညာ(AI)သုံးထုတ်ကုန်များ      ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ဖြန့်ကြက်နိုင်စေရန် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ပြောကြား သည်။

မလေးရှားနိုင်ငံတွင် အဆိုပါဝန်ဆောင်မှုအသစ်များသည် နိုင်ငံ၏ ဒစ်ဂျစ်တယ်အထောက်အထားစနစ်ဖြစ်သော မိုင်ဒစ်ဂျစ်တယ်အိုင်ဒီ နှင့် နိုင်ငံတော်အဆင့် ဘလော့ချိန်းဝန်ဆောင်မှုကွန်ရက်ဖြစ်သော မလေးရှားဘလော့ချိန်း အခြေခံအဆောက်အအုံတို့မှတစ်ဆင့်  နိုင်ငံ၏  ဒစ်ဂျစ်တယ်ဂေဟစနစ်နှင့် ပေါင်းစည်းချိတ်ဆက်သွားမည် ဖြစ်သည်။ အဆိုပါရင်းနှီးမြှုပ်နှံမှုသည် ဇီးထရစ်ဇ်အေအိုင်၏ ဒစ်ဂျစ်တယ်အခြေခံ ဝန်ဆောင်မှုများကို အာဆီယံနှင့် ကမ္ဘာတစ်ဝန်းရှိ ထွန်းသစ်စဈေးကွက် များသို့ တိုးချဲ့သွားနိုင်ရန်အတွက်လည်း အထောက်အပံ့ဖြစ်ကြောင်း သိရသည်။                                                                   ဆင်ဟွာ

 

No comments

Powered by Blogger.