ထန်းတပင်မြို့နယ် နဲသမိန်-အောက်ခြံတန်း ကျေးရွာချင်းဆက်လမ်း ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

 



ရန်ကုန် ဖေဖော်ဝါရီ ၅

ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် နဲသမိန်-အောက်ခြံတန်း ကျေးရွာ ချင်းဆက်လမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုများကို ဖေဖော်ဝါရီ ၂ ရက် နံနက်ပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု  စစ်ဆေးကြသည်။

ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်) မှ အင်ဂျင်နီယာချုပ် (တည်ဆောက်ရေး) ရန်ကုန်တိုင်းဒေသကြီးတာဝန်ခံ ဦးဇော်မိုးဦး၊ လက်ထောက် ညွှန်ကြားရေးမှူး (မြို့ပြ)နှင့် တာဝန်ရှိသူများက ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအား သတ်မှတ်အရည်အသွေး ပြည့်မီအောင် ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားသည်။

အဆိုပါ ကျေးရွာချင်းဆက်လမ်း ဆောင်ရွက်ပြီးသွားပါက ကျေးရွာနေပြည်သူများ ရာသီမရွေး သွားလာနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)

No comments

Powered by Blogger.