တပ်ကုန်းမြို့နယ်အတွင်း ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးခြင်းလုပ်ငန်းများ  အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေး  ညှိနှိုင်းဆောင်ရွက်

 



တပ်ကုန်း ဖေဖော်ဝါရီ ၅


ပြည်ထောင်စုနယ်မြေ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်း ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးခြင်းလုပ်ငန်းများ ပိုမိုအဆင်ပြေ ချောမွေ့စွာ    အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေး ညှိနှိုင်းခြင်းကို ယမန်နေ့နံနက်ပိုင်းက ခုတင်-၁၀၀ ပြည်သူ့ဆေးရုံ၌ ကျင်းပသည်။ 


အခမ်းအနားတွင် တပ်ကုန်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဒေါက်တာ ခင်မောင်ထွန်းက  အမှာစကား ပြောကြားပြီး   မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ကျော်ဇေယျက တိုးချဲ့ကာကွယ် ဆေးထိုးလုပ်ငန်းစဉ်များအား ရှင်းလင်း ပြောကြားသည်။ ထို့နောက် ကျန်းမာရေးမှူး(၁) ဦးကျော်ဇင်ထွန်း က ကာကွယ်ဆေးထိုးနှံ/ တိုက်ကျွေး ခြင်းလုပ်ငန်းများနှင့် ပတ်သက်၍ လက်ရှိဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို   ရှင်းလင်း တင်ပြသည်။

          

တင်စိုးလွင်

No comments

Powered by Blogger.