အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ဂါဇာကမ်းမြောင်ဒေသအတွက် ဒေါ်လာဘီလီယံပေါင်းများစွာ သုံးစွဲမည့် ပြန်လည်တည်ဆောက်ရေးရန်ပုံငွေ ကြေညာမည်
ဝါရှင်တန်
ဖေဖော်ဝါရီ ၁၃
အမေရိကန်သမ္မတ
ဒေါ်နယ်ထရမ့်က ဝါရှင်တန်၌ ပြုလုပ်မည့် ငြိမ်းချမ်းရေး ဘုတ်အဖွဲ့၏ ပထမဆုံး အစည်းအဝေးတွင်
ဂါဇာကမ်းမြောင်ဒေသအတွက် အမေရိကန်ဒေါ်လာ ဘီလီယံပေါင်းများစွာ သုံးစွဲမည့် ပြန်လည်တည်ဆောက်ရေးရန်ပုံငွေကို
ကြေညာမည်ဖြစ်ကြောင်း သိရသည်။
အမေရိကန်
သမ္မတထရမ့်က ဂါဇာကမ်းမြောင်ဒေသ အသွင်ကူးပြောင်းရေး စီမံအုပ်ချုပ်မှုကို
ကြီးကြပ်ရန် ငြိမ်းချမ်းရေးဘုတ်အဖွဲ့ကို ပြီးခဲ့သည့်လက ဖွဲ့စည်းခဲ့သည်။ ထရမ့်က
ဘုတ်အဖွဲ့၏ ဥက္ကဋ္ဌ အဖြစ် ပါဝင်ဆောင်ရွက်မည်ဖြစ်သည်။
အစည်းအဝေးကို
လာမည့်ဖေဖော်ဝါရီ ၁၉ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း အိမ်ဖြူတော် အရာရှိတစ်ဦးက
ပြောကြားသည်။ နိုင်ငံ့ခေါင်းဆောင်များ အပါအဝင် အနည်းဆုံး နိုင်ငံပေါင်း ၂၀ မှ
ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်မည်ဟု မျှော်လင့်ရကြောင်း အဆိုပါအရာရှိက
ဆက်လက်ပြောကြားသည်။
သမ္မတထရမ့်က
ဂါဇာကမ်းမြောင်ဒေသ ပြန်လည်တည်ဆောက်ရေးရန်ပုံငွေကို ကြေညာခြင်းနှင့်အတူ ဟားမတ်စ်တို့၏
လက်နက်ဖျက်သိမ်းရေးအတွက် နိုင်ငံတကာတပ်ဖွဲ့တွင် ပါဝင်သည့်နိုင်ငံများ၏
ပါဝင်ကူညီမှုများနှင့်ပတ်သက်ပြီး အကြမ်းဖျင်းဖော်ပြရန် မျှော်လင့်ရသည်။
ဂါဇာကမ်းမြောင်ဒေသတွင်
အစ္စရေးနှင့် ဟားမတ်စ်တို့ကြား အပစ်အခတ်ရပ်စဲရေး သဘော တူညီမှုသည် လေးလကျော်သွားပြီဖြစ်သော်လည်း
သဘောတူညီချက်ကို ဟားမတ်စ်က ချိုးဖောက် သည်ဟု အစ္စရေးတပ်ဖွဲ့များက အခိုင်အမာဆိုကာ
ဆက်တိုက်ဆိုသလို တိုက်ခိုက်မှုများ ပြုလုပ်လျက် ရှိသည်။
ဒေသတွင်း
တည်ငြိမ်သော ပြန်လည်တည်ဆောက်ရေးကို မြှင့်တင်ရန် ငြိမ်းချမ်းရေးဘုတ်အဖွဲ့အတွက်
စိန်ခေါ်မှုများရှိနေသေးကြောင်း နိုင်ငံရေးစောင့်ကြည့်သူများက ပြောကြားသည်။
ကိုးကား -
အင်န်အိတ်ချ်ကေ
ဘာသာပြန် -
အောင်ကျော်ကျော်
No comments