နေပြည်တော်ရင်ပြင်၌ကျင်းပသည့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်း ပွဲတော်တွင် လုပ်ငန်း/စီးပွားချိတ်ဆက်ပြခန်း ဆက်လက်ပါဝင်ပြသ
နေပြည်တော် ဖေဖော်ဝါရီ ၁၃
နေပြည်တော်
ရင်ပြင်၌ ဖေဖော်ဝါရီ ၈ ရက်မှ ၁၄ ရက်အထိ ကျင်းပသည့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်၌ ပါဝင်ပြသလျက်ရှိသည့် လုပ်ငန်း/ စီးပွားချိတ်ဆက်
ပြခန်းတွင် တိုင်းဒေသကြီး/ ပြည်နယ်များမှ MSME လုပ်ငန်းရှင်များ၏ ထုတ်ကုန်များကို လုပ်ငန်းစတင် တည်ထောင်သည့် အချိန်မှစ၍
ပြည်တွင်းစျေးကွက်တွင် ရောင်းချခြင်း၊ ပြည်ပစျေးကွက်သို့ တင်ပို့
ရောင်းချနိုင်သည်အထိ ချိတ်ဆက်နိုင်မည့် ဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက်ရှိသည်။
ပြပွဲကာလအတွင်း MSME စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာဌာနများဖြစ်သည့်
ကုန်သွယ်ရေး ဦးစီးဌာနတွင် ပို့ကုန် / သွင်းကုန် လုပ်ငန်းရှင်လက်မှတ်၊ အစားအသောက်နှင့်
ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနတွင် FDA လက်မှတ်၊
မူပိုင်ခွင့်ဦးစီးဌာနတွင် ကုန်အမှတ်တံဆိပ် မှတ်ပုံတင်ခြင်းနှင့် အခြားဦးစီးဌာနများ၌
တင်သွင်း / တင်ပို့မှုဆိုင်ရာ ထောက်ခံချက်ကိစ္စရပ်များကို ရှင်းလင်းဆောင်ရွက်ပေးသည့်
ဝန်ကြီးဌာနများနှင့် ချိတ်ဆက်ရေးလုပ်ငန်းအဖွဲ့၊ MSME စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ဒေသထုတ်ကုန်များကို ပြည်တွင်းရှိ လက်လီ
/လက်ကားဆိုင်များဖြစ်သည့် MaKro ၊ City Mart ၊ One Stop Mart ၊ Aeon
စသည်တို့တွင် ကုန်ပစ္စည်းများ ပြသရောင်းချနိုင်ရေး
အတွက် ဆောင်ရွက်ပေးသည့် ပြည်တွင်းစျေးကွက် ချိတ်ဆက်ရေးလုပ်ငန်းအဖွဲ့၊ MSME စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းသစ်တစ်ခု စတင်တည်ထောင်ခြင်းနှင့်
လုပ်ငန်းတိုးချဲ့ရေး ဆောင်ရွက်ရာတွင် လိုအပ်သည့်ဘဏ္ဍာငွေကြေးနှင့် ချေးငွေရရှိနိုင်ရေးတို့အတွက်
ပြည်တွင်းရှိ Bank များ ဖြစ်သည့် ကမ္ဘောဇဘဏ်၊
CB
ဘဏ်၊ AYA ဘဏ်၊ SME Development ဘဏ်စသည့်
ဘဏ်များနှင့် ချိတ်ဆက်ဆောင်ရွက်ပေးသည့် ရင်းနှီးမတည်ငွေ ချိတ်ဆက်ရေးလုပ်ငန်းအဖွဲ့၊
MSME
စီးပွားရေး လုပ်ငန်းရှင်များ၏ ထုတ်ကုန်များ
ပြည်ပစျေးကွက် ဝင်ရောက်နိုင်ရေးအတွက် နိုင်ငံပေါင်း ၁၂ နိုင်ငံတွင် တာဝန်ပေးစေလွှတ်ထားသည့်
စီးပွားရေးသံမှူး ၁၆ ဦးတို့နှင့် ချိတ်ဆက်ဆောင်ရွက်ပေးသည့် ပြည်ပစျေးကွက်
ချိတ်ဆက်ရေးလုပ်ငန်းအဖွဲ့တို့ဖြင့် ဝန်ဆောင်မှုများ ပေးလျက်ရှိသည်။
ပြပွဲ ဆဋ္ဌမမြောက်နေ့ဖြစ်သည့်
ယနေ့တွင် ဝန်ကြီးဌာနများနှင့် ချိတ်ဆက်ရေးလုပ်ငန်းအဖွဲ့မှ MSME လုပ်ငန်းရှင် ၅၆ ဦး၊ ပြည်တွင်းစျေးကွက် ချိတ်ဆက်ရေး လုပ်ငန်းအဖွဲ့မှ လက်လီ/
လက်ကားငါးဆိုင်နှင့် တွေ့ဆုံသည့် လုပ်ငန်းရှင် ၃၇ ဦး၊ ရင်းနှီးမတည်ငွေ
ချိတ်ဆက်ရေးလုပ်ငန်း အဖွဲ့မှဘဏ်ကိုးခုနှင့် တွေ့ဆုံ သည့် လုပ်ငန်းရှင် ၂၅ ဦး၊
ပြည်ပစျေးကွက်ချိတ်ဆက်ရေး လုပ်ငန်းအဖွဲ့မှ လုပ်ငန်းရှင် ၁၁ ဦးတို့နှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိသည်။
ဖေဖော်ဝါရီ ၈ ရက်မှ
၁၃ ရက်အထိ လုပ်ငန်း/ စီးပွားချိတ်ဆက်ပြခန်းတွင် ဝန်ကြီးဌာနများနှင့် ချိတ်ဆက်ရေးလုပ်ငန်းအဖွဲ့မှ
MSME
လုပ်ငန်းရှင် စုစုပေါင်း ၄၅၄ ဦး၊ ပြည်တွင်း စျေးကွက် ချိတ်ဆက်ရေးလုပ်ငန်းအဖွဲ့မှ
လက်လီ/ လက်ကား စုစုပေါင်း ၁၂ ဆိုင်နှင့် တွေ့ဆုံသည့် လုပ်ငန်းရှင် စုစုပေါင်း ၃၀၅
ဦး၊ ရင်းနှီးမတည်ငွေ ချိတ်ဆက်ရေး လုပ်ငန်းအဖွဲ့မှ စုစုပေါင်းဘဏ် ၁၄ ခုနှင့်
တွေ့ဆုံ သည့် လုပ်ငန်းရှင် စုစုပေါင်း ၂၃၄ ဦး၊ ပြည်ပစျေးကွက်ချိတ်ဆက်ရေး
လုပ်ငန်းအဖွဲ့မှ စုစုပေါင်း လုပ်ငန်းရှင် ၈၂ ဦးတို့နှင့် ချိတ်ဆက်
ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments