ဒုတိယဝန်ကြီး ဦးရဲတင့် ချင်းပြည်နယ်နှင့် ကလေးမြို့တို့ရှိ ပြန်ကြားရေးဝန်ထမ်းများနှင့် တွေ့ဆုံ
နေပြည်တော် ဖေဖော်ဝါရီ ၂၁
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယမန်နေ့ နံနက်ပိုင်းက ဟားခါးမြို့၌ ကျင်းပသည့် ချင်းပြည်နယ် နေ့အခမ်းအနားတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်နယ် ညွှန်ကြားရေးမှူးနှင့်အတူ ဝန်ထမ်းများ၊ ထပ်ဆင့်လွှင့်စက်ရုံ ဝန်ထမ်းများအား တွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာ များမှာကြားကာ အားပေးစကားပြောကြားပြီး ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။
မွန်းလွဲပိုင်းတွင် ကလေးမြို့ ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးသို့ ရောက်ရှိပြီး ခရိုင်ဦးစီးမှူးနှင့် ပြန်ကြားရေးဝန်ထမ်းများအား တွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာများနှင့် မီးဘေးအန္တရာယ် ဂရုပြုရေးတို့ကို မှာကြားကာ ဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments