စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် တိုင်းဒေသကြီး မီးသတ်စခန်းရှိ ရှာဖွေကယ်ဆယ်ရေး စက်ကိရိယာများနှင့် မီးငြှိမ်းသတ်ယာဉ်၊ ရေသယ်ယာဉ်များအား ကြည့်ရှုစစ်ဆေး
မုံရွာ ဖေဖော်ဝါရီ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီး မီးသတ် စခန်းရှိ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ရန်ပုံငွေဖြင့် ဝယ်ယူဖြည့်တင်း ထားရှိသည့် ရှာဖွေကယ်ဆယ်ရေးစက် ပစ္စည်းများနှင့် မီးငြှိမ်းသတ်ယာဉ်များ၊ ရေသယ်ယာဉ်များ အသင့်ပြင်ဆင်ထား ရှိမှုနှင့် ကြံ့ခိုင်မှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်မီးသတ်စခန်းများသို့ ပြန်လည်ဖြန့်ဖြူးပေးမည့် မီးငြှိမ်းသတ်ယာဉ်များနှင့် ရေသယ်ယာဉ်များကိုလည်းကောင်း၊ စခန်းဝင်းအတွင်းရှိ ဝန်ထမ်း များနှင့် မိသားစုဝင်များ စားဝတ်နေရေး သက်သာချောင်ချိရေးအတွက် စားဖိုဆောင်သီးနှံများ စိုက်ပျိုးထားရှိမှုကို လည်းကောင်း ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် အားကစားနှင့်ကာယ ပညာသိပ္ပံ(မုံရွာ)သို့ ရောက်ရှိရာ လူငယ်ရေးရာကော်မတီမှ စီစဉ်ဆောင်ရွက်သည့် ရန်ကုန်တက္ကသိုလ်မှ ပါမောက္ခဌာနမှူးများ၏ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ Grade – 12 အောင်ချက်မြင့်မားရေး အတွက် ကျောင်းသား ကျောင်းသူများအား အင်္ဂလိပ်စာဘာသာရပ် သင်ကြားပို့ချပေးနေမှုကို ကြည့်ရှုအားပေးကြသည်။
ဆက်လက်၍ သူနာပြု-သာဖွား သင်တန်းကျောင်း(မုံရွာ)သို့ရောက်ရှိရာ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာမများ၊ သင်တန်းသား သင်တန်းသူများနှင့် အထူးနေ့လယ်စာ အတူတကွ သုံးဆောင်ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျောင်းအုပ် ဆရာမကြီးထံ ငွေကျပ် ၁၀ သိန်း ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)

No comments